နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID - 19 ကပ်ရောဂါကာလ အတွင်း ပြည်သူများဈေးဝယ်ယူရန် အဆင်ပြေစေရေးအတွက် Mobile Market ရွေ့လျားဈေးကားများဖြင့် သန့်ရှင်းလတ်ဆတ်သော သား / ငါးနှင့် ကုန်ပစ္စည်းများ လမ်းမတော်မြို့နယ်အတွင်းလှည့်လည်ရောင်းချ ပေး

ရန်ကုန် ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍ COVID - 19 ကပ်ရောဂါကာလအတွင်း ပြည်သူများဝေလံသောဈေးများသို့သွားရောက်ဝယ်ယူရန်မလိုဘဲ COVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားမြို့နယ်အရောက် Mobile Market ဈေးကား(၉) စီးဖြင့် ယနေ့နံနက်၇နာရီက လမ်းမတော်မြို့နယ်အမှတ်(၂)ရပ်ကွက်အနော်ရထာလမ်း( ဝါးတန်းလမ်းနှင့် ကိုင်းတန်းလမ်းကြား)၌လည်းကောင်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတို့မှတာဝန်ရှိသူများကအနီးကပ်ကြီးကြပ်ကာစနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသင်္ည။

ယနေ့ရောင်းချပေးသောဈေးကားများတွင် ကြက်သား၊ ဝက်သား ၊အမဲသား ၊ဆိတ်သား၊ အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး၊ဟင်းသီးဟင်းရွက်၊ ကြက်ဥ ဘဲဥ၊ စားသောက် ကုန်ခြောက်နှင့် စားသုံးဆီများပါဝင်ပြီး လူတန်းစားမရွေး လက်လီရောင်းချ ပေးခဲ့ကြောင်းသိရသည်။

 အဆိုပါ COVID - 19 ကပ်ရောဂါ အထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် Mobile Market ရွေ့လျားဈေးကားများဖြင့် စက်တင်ဘာ၂၆ရက်နေ့မှ စတင်၍ မြို့နယ်အရောက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားလှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ