နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်တွင် YBS ယာဉ်လိုင်းပေါ်ပါ ခရီးသည်တစ်ဦးထံမှ ခါးနှိုက်ယူသူ ၄ ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် မြောက်ပိုင်း ခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဇန်နဝါရီလ ၁၂ ရက်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောဝကားမှတ်တိုင်၌ YBS-40 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ ကောင်းခန့်စံ(ခ)ကောင်းကောင်း၊ အောင်ကို(ခ)ရဲရင့်၊ ရာဇာပြည့်စုံမင်း(ခ)ရာဇာနှင့် ဇော်ရဲအောင်တို့ ၄ ဦးအား တွေ့ရှိစစ်ဆေးရာ ၎င်းတို့လက်အတွင်းကိုင်ဆောင်ထားသော ငွေ ၂၄,၀၀၀ ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၃၈)နှစ်ခန့်ရှိ အမျိုးသမီး(၁)ဦး၏ လက်ဆွဲအိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ ၄ ဦးအား ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ