နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟန်းမြို့နယ်အတွင်း Mobile Market ရွေ့လျားဈေးကားများဖြင့် သန့်ရှင်းလတ်ဆတ်သော သားငါးနှင့် ကုန်ပစ္စည်းများအား လှည့်လည်ရောင်းချပေး

ရန်ကုန် ဇန်နဝါရီ ၁၄

COVID - 19 ကပ်ရောဂါကာလအတွင်း ပြည်သူများဝေးလံသောဈေးများသို့ သွားရောက်ဝယ်ယူရန်မလိုဘဲCOVID - 19 ကပ်ရောဂါ အထိုက်အလျေက်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့်ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍ Mobile Marketရွေ့လျားဈေးကား(၈) စီးဖြင့်မြို့နယ်အရောက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားယနေ့နံနက်၇နာရီက ဗဟန်းမြို့နယ်ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကိုယ့်မင်းကိုယ့်ချင်းအိမ်ရာ၌လည်းကောင်း ဆရာစံရပ်ကွက်တက္ကသိုလ်ရိပ်မွန်အိမ်ရာ၌လည်းကောင်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတို့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ စနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသည်။

 ယနေ့ရောင်းချပေးသောဈေးကားများတွင်စားသောက်ကုန်များဖြစ်သည့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ ဘဲဥ၊ ကုန်ခြောက်ပစ္စည်း ငါးပိ / ငါးခြောက် နှင့်စားသုံးဆီများပါဝင်ပြီး လူတန်းစားမရွေး လက်လီရောင်းချပေးခဲ့ကြောင်းသိရသညိ။

အဆိုပါCOVID - 19 ကပ်ရောဂါကာလအတွင်းပြည်သူများ ဈေးဝယ်ရန်အဆင်ပြေစေရေး အတွက် Mobile Market ရွေ့လျားဈေးကားများဖြင့်စက်တင်ဘာ၂၆ရက်နေ့ မှစတင်၍သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားမြို့နယ်အရောက်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ