နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဗိုလ်မင်းရောင်အိမ်ရာဝင်း နှင့် ဆောင်းဟေမာန်အိမ်ရာဝင်းများသို့ စျေးရောင်းကားများ ဆက်လက်ရောင်းချ

ရန်ကုန်  ဇန်နဝါရီ  ၁၄

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဗိုလ်မင်းရောင်အိမ်ရာဝင်း နှင့် ဆောင်းဟေမာန်အိမ်ရာဝင်းများ တွင်နေထိုင်ကြသူများအား ကိုဗစ်၁၉ Stay at home ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရန် အတွက်  ​ရန်ကုန်တိုင်းဒေသကြီး၏လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းသားတို့မှ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီမှစတင်၍ အိမ်ရာဝင်းအတွင်းနေပြည်သူများ သို့လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့လာရောက်ရောင်းချရာတွင် အခြေခံစားသောက် ကုန်များ၊ အသီးအရွက်၊ ကြက်ဥဘဲဥ နှင့်အသားငါးများအား စျေးကား ၉ စီးဖြင့်လာရောက်ရောင်းချပေးခဲ့ပြီး စျေးလာရောက် ဝယ်ယူအားပေးသူများက ကိုဗစ်၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ လာရောက်ဝယ်ယူခဲ့ကြသည်။

ယခုလို လာရောက်ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးလာရောက်ဝယ်ယူကြသော ပြည်သူများအား ယခုလက်ရှိဖြစ်ပေါ်နေသာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ဈေးဝယ်သူ၊ ဈေးရောင်းသူများ လူစုလူဝေးမဖြစ်ပေါ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေအကွာမှနေ၍ တန်းစီစနစ်ဖြင့် စနစ်တကျဝယ်ယူအားပေးကြရန်အတွက် အသံချဲ့စက်နှင့် Hand Speaker တို့ဖြင့် လိုက်ပါအသိပေးခြင်း၊ လူကိုယ်တိုင်အနီးကပ်နေ၍ သတိပေးခြင်းများကိုလည်း လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်စိုးအေး






အခြားဆက်စပ်သတင်းများ