နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား Mobile Market ဈေးကားများဖြင့် လှည့်လည်ရောင်းချ

ရန်ကုန် ဇန်နဝါရီ ၁၄ ရက်

        COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား မြို့နယ်/ရပ်ကွက်များအတွင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ညီနောင်အသင်းများ ပူးပေါင်း၍ Mobile Market ဈေးကားများဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ F.M.I အိမ်ရာ၌ မြို့နယ်နေပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးကားများတွင် ကြက်ဥ၊ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ အသင့်ထုပ်ပိုးပြီး ရေချို၊ ရေငန် ငါး၊ပုဇွန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် စားသုံးဆီ စသည့် စားသောက်ကုန်များကို ဈေးကား(၈)စီးဖြင့် ဈေးနှုန်းချိုသာစွာ လက်လီရောင်းချပေးခဲ့ကြပြီး ရောင်းသူများကလည်း မိမိတို့ရောင်းကုန်ပစ္စည်းများအား ပြည်သူများ သိရှိနိုင်ရန် Hand Speaker များဖြင့်အသိပေးနှိုးဆော်ကြသည့် နည်းတူ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများကလည်း အသံချဲ့စက်ဖြင့် ဈေးရောင်းချပေးနေမှုအပေါ် ပြည်သူများသိရှိနိုင်ရန် နှိုးဆော်အသိပေးခဲ့ကြကာ ရောင်းသူဝယ်သူများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိရန်ကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း-သွင်မောင်မောင်/ဓာတ်ပုံ- ရွှေဝင်း






အခြားဆက်စပ်သတင်းများ