နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ် ပဲတီစိမ်းစိုက်ပျိုးအောင်မြင်

ရန်ကုန် ဇန်နဝါရီ  ၁၃


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် စိုက်ပျိုးထားသောတောင်သူများ၏ ပဲတီစိမ်းစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ သုံးခွမြို့နယ်တွင် မိုးစပါးနှင့်သီးထပ်အဖြစ်ဆောင်းသီးနှံပဲတီစိမ်း၊ (ရွှေဝါနှင့် ရေ ဆင်းမျိုး)တို့ကို အဓိက စိုက်ပျိုးကြကြောင်း သိရှိရသည်။ ပဲတီစိမ်းမှာစိုက်ပျိုးပြီးနှစ်လခွဲအကြာတွင် ဆွတ်ခူးရရှိကြောင်း သိရှိရသည်။ ပဲတီစိမ်းကိုနိုဝင်ဘာလဒုတိယပတ်တွင် စတင်ထွန်ယက်စိုက်ပျိုးကြပြီး တောင်သူတစ်ဦးနှင့် တစ်ဦး စိုက်ပျိုးသည့် အချိန်ကွာခြားမှုကြောင့် ပဲထွက်ချိန်ကွာခြားမှုရှိနိုင်ပြီး ဖေဖော်ဝါရီလလယ်တွင် လှိုင်လှိုင်ပေါ်မည်ဟု သိရှိရသည်။ ပဲတီစိမ်းမှာတစ်နေရာနှင့် တစ်နေရာအထွက်နှုန်းကွာခြားမှုရှိနိုင်ပြီး မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးမှု၊ စိုက်ပျိုးသည့်မြေအမျိုးအစားကောင်းမွန်မှု၊ ရာသီဥတုအခြေအနေပြုစုပျိုးထောင်ပုံနည်းစနစ်ကောင်းမွန်မှု၊ ပိုးမွှားအန္တရာယ်ကင်းစင်မှုတို့ပေါ်တွင်မူတည်ပြီး တစ်ဧက၂၀ကျော်ထွက်ရှိနိုင်ကြောင်း သိရှိရသည်။ လက်ပန်စံပြကျေးရွာ မှပဲတီစိမ်းစိုက်တောင်သူ ဦးမင်းကိုကိုဦးက ကျွန်တော်ဒီနှစ်ပဲတီစိမ်း  ရေဆင်း ဧက ၂၀ စိုက်ပျိုးထားတယ်ခုအပင်တွေမှာအပွင့်တွေဝေဆာပြီး  ဖြစ်ထွန်းအောင်မြင်နေပါတယ်။ ဒါပေမဲ့ ပဲဆွတ်ခူးချိန်အချိန်အခါမဲ့မိုးမရွာဖို့နဲ့ ပဲစျေးကောင်းဖို့ ဆုတောင်းနေရတယ်ဟု ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီခွဲက ပြောကြားခဲ့သည်။


ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ