နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ(IDPs)အတွက်သိန်းခြောက်ရာကျော် ထောက်ပံ့လှူဒါန်းပေးအပ်

ရန်ကုန် ဇန်နဝါရီ  ၁၃


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) အတွက် ထောက်ပံ့ လှူဒါန်းငွေ သိန်း(၆၀၀)ကျော်ကို ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ရုံးအမှတ်(၄၁)အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လှူဒါန်းငွေကျပ် သိန်း ၆၀၀၈၅၆၀၀ ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယင်းလှူဒါန်းငွေများကို ဆက်လက်ဖြန့်ဖြူးပေးမည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှူဒါန်းငွေများသည် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော ဒေသများမှ ရခိုင် Community နှင့် မွတ်ဆလင် Community IDP စခန်းများတွင်ရှိသည့် အသိုက်အဝန်း(၂)ခုစလုံးမှ မိသားစုပေါင်း(၁၅၈၁၂)စုအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ယခုကဲ့သို့ လှူဒါန်းသည့်ငွေများဖြင့် ဆောင်းရာသီကာလဖြစ်သည့်အတွက် အအေးဒဏ်ကို ကာကွယ်ရန် အမှန် တကယ်လိုအပ်လျက်ရှိသည့် ခြုံစောင်များကို ဝယ်ယူပြီး အောက်ခြေအထိ သက်ဆိုင်ရာပုဂ္ဂိုလ်များလက်ထဲ အထိ ရောက်အောင် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(KST)






အခြားဆက်စပ်သတင်းများ