နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖာပွန်မြို့၌ (၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ

ဖာပွန် ဇန်နဝါရီ ၁၃


 ကရင်သက္ကရာဇ် (၂၇၆၀)ခုနှစ် ပြာသိုလဆန်း(၁) ရက်နေ့တွင် ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ (၈၃)နှစ်ပြည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန်ရည်ရွယ်၍ ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

 ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီလ(၁၃)ရက်နေ့နံနက်ပိုင်းကကျင်းပရာ ကျွဲချိုမှုတ်၍ ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ကရင်အမျိုးသားအလံတော်ကို တက်ရောက်လာသူများက အလေးပြုကြသည်။ ဆက်လက်၍ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဖတ်ကြားခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်း သားများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။

 ထို့နောက် ကရင်ရိုးရာကောက်သစ်စားပွဲအား ဖာပွန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးရွှေမောင်လယ်၌ ဆက်လက် ကျင်းပရာ တိုင်းရင်းသားပြည်သူများ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ