နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ Website တွင်ကြည့်ရှုနိုင်မည့် လမ်းညွှန်ရုပ်သံဖိုင်ကို ဇန်နဝါရီ ၁၄ ရက်တွင် သရုပ်ပြမည်

ရန်ကုန် ဇန်နဝါရီ ၁၃ 


၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၏ အမှတ်စာရင်းများကို Website တွင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကြည့်ရှုရမည့် ပုံစံစနစ်များကို လာမည့် ဇန်နဝါရီ၁၄ရက်တွင်သရုပ်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီ၁၇ ရက်နံနက်ပိုင်းမှစတင်ကာ Website တွင် အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်  ၊ ဇန်နဝါရီလ ၁၇  ရက်၊ နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်စွဲ၊ မိမိ၏ခုံအမှတ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍  မိမိတို့၏ အမှတ် စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပြီး ယခင်နှစ်များက ကြည့်ရှုနိုင်မည့် ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် နှင့် ယင်းရုံးများတွင် အမှတ်စာရင်းထုတ်ပေးမည်မဟုတ်ကြောင်း  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန်ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် Facebook Page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလ (၁၄)ရက်မှစ၍ ကြည့်ရှုနိုင်ကြောင်း အသိပေးထားသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ