နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်နယ်သို့ လေကြောင်းခရီးဖြင့် လာရောက်မည့်သူများ Hotel Q ဝင်မည်ဆိုပါက မိမိတို့စရိတ်ဖြင့် ဝင်ရောက်နိုင်

တောင်ကြီး ဇန်နဝါရီ ၁၃ 


ရှမ်းပြည်နယ်သို့လေကြောင်းခရီးဖြင့် လာရောက်မည့်သူများ Hotel Q ဝင်မည်ဆိုပါက Q ဌာနတွင် မိမိတို့စရိတ်  ဖြင့်သာဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့်လိုက်ပါသူများအနေဖြင့် လေဆိပ်များသို့ရောက်ရှိသည့်အခါ တာဝန်ရှိသူများက မူလနေထိုင်သည့် မြို့နယ်မှလာရောက်ကြောင်းအထောက်အထား တောင်းခံစိစစ်၍ Hotel Quarantine သို့မဟုတ် Facility Quarantine ဝင်ရမည့်သူများနှင့် Quarantine ဝင်ရန် မလိုအပ်သူများကို ခွဲခြားသတ်မှတ်ပေးမည်ဖြစ်ရာ Q ဝင်ရမည့်သူများအနေဖြင့် ကိုယ့်စရိတ်ကိုယ်သုံး၍ ဝင်ရမည်ဖြစ်ကြောင်း ရှမ်းပြည် နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။

Quarantine ဝင်ရန်လိုအပ်သည့်သူများသည် လေဆိပ်မှ Quarantine သို့ဝင်ရောက်ရာ၌အငှားယာဉ်/ကိုယ်ပိုင် ယာဉ်/ဌာနပိုင်ယာဉ်များဖြင့်သွား‌ရောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ရှမ်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ စီစဉ်ပေးသည့်ယာဉ်ဖြင့်သာသွားရောက်ရမည်ကို သိထားရန်လိုသည်။ ထို့ပြင် Hotel ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ထားသော တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ‌ညောင်ရွှေမြို့များရှိ Hotel Quarantine များတွင် မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ပြီး Facility Quarantine ကို ဟဲဟိုးမြို့ အခြေခံပညာ အလယ်တန်းကျောင်း (ဝါးရုံပင်) ၌ တစ်ရက်လျှင် ငွေကျပ် ၄၀ဝ၀ ကျပ်နှုန်း မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်သည်။

 Hotel/ Facility Quarantine သို့ ရောက်ရှိသည့်အခါ ခရီးသည်များကို နှာခေါင်း၊ အာခေါင် တို့ဖတ် နမူနာရ ယူစစ်ဆေးရန်အတွက် PCR သို့မဟုတ် RDT နှစ်မျိုးတွင် မိမိကြိုက်နှစ်သက်ရာစနစ်ဖြင့် စစ်ဆေးနိုင်ကြောင်း Hotel/ Facility Quarantine တာဝန်ခံမှ စိစစ်ဖြည့်စွက်၍ ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ရမည်။ PCR စက်ဖြင့် စစ်ဆေးမည့်သူများကို (၃) ရက်မြောက်နေ့တွင် စစ်ဆေး၍ (၅) ရက်မြောက်နေ့တွင် စစ်ဆေးချက်အဖြေ သိရှိရမည် ဖြစ်ပြီး စစ်ဆေးခ ၃၅၀ဝ၀ ကျပ်အား မိမိစရိတ်ဖြင့် ကျခံပေးချေရမည်။

အလားတူ RDT ဖြင့် စစ်ဆေးမည့်သူများကို (၇)ရက်မြောက်နေ့တွင် စစ်ဆေး၍ နေ့ချင်းစစ်ဆေးချက်အဖြေ သိရှိရမည်ဖြစ်ပြီး စစ်ဆေးခ ၁၅၀ဝ၀ ကျပ်အား မိမိစရိတ်ဖြင့် ကျခံပေးချေရမည်ဖြစ်ကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ