နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများအနက်မှ စုစုပေါင်း (၁၂၂) ဘဏ်ကို ပြန်လည်ဖွင့်လှစ် ပေးသွားမည်

ရန်ကုန်  ဇန်နဝါရီ   ၁၃

COVID-19 ရောဂါသည် ကမ္ဘာပေါ်တွင် နှစ်အတန်ကြာဆက်လက်တည်ရှိနေမည်ဖြစ်ရာ နိုင်ငံ၏               တိုးတက်မှုနှောင့်နှေးခြင်းမရှိစေရန် ကမ္ဘောဇဘဏ်ခွဲများအနက်မှ ဘဏ်ခွဲပေါင်း ၁၂၂ ဘဏ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်တွင် ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်သော နံနက် (၉:၃၀) နာရီမှ နေ့လည် (၃) နာရီအထိ ပုံမှန်ဖွင့်လှစ်ပြီး Customer များ၏ နေ့စဉ်ဘဏ်လုပ်ငန်းဆောင်တာများ အဆင်ပြေမှုရှိစေရေးအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပြန်လည်ပေးအပ် သွားမည်ဖြစ်သည်။

Customerများအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် ATM များ၊ KBZPay mobile wallet၊ KBZ iBanking နှင့် mBanking အစရှိသော လူတစ်ဦးနှင့် တစ်ဦးထိတွေ့ဆက်ဆံရန်မလိုအပ်သော ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန်မလိုအပ်ပဲ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုများပြုလုပ်နိုင်မည်ဖြစ်သည်။
 
ပြန်လည်ဖွင့်လှစ်သော ဘဏ်များစာရင်းကို ကမ္ဘောဇဘဏ် website ဖြစ်သည့် ဖော်ပြပါလင့်ခ် https://www.kbzbank.com/en/ways-to-bank/branch/ မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည်       ဖြစ်သည်။   

 (WP)






အခြားဆက်စပ်သတင်းများ