နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါ၍ ခရီးသွားပြည်သူများထံမှ ခါးပိုက်နှိုက်မှုကျူးလွန်သူ ၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ  ၁၃

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများနှင့် YBS ကားမှတ်တိုင်များတွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် တောင်ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်ကွက်၊ သံသုမာလမ်း၊ ဘေလီကားမှတ်တိုင်၌ YBS-84 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ ထွန်းထွန်း၊ ဝိုင်းချစ်အောင် (ခ)ကုလား၊ ဇော်ဝင်းထွဋ်(ခ)ကြွက်နီနှင့် သူရ (ခ)သူရမျိုးထွဋ်တို့ ၃ ဦးအား တွေ့ရှိစစ်ဆေးရာ ၎င်းတို့လက်အတွင်းကိုင်ဆောင်ထားသော Redmi-6 အမျိုးအစား ဖုန်းတစ်လုံးနှင့် VIVO အမျိုးအစား ဖုန်းတစ်လုံးတို့မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍နှိုက်ယူခဲ့ခြင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ ထွန်းထွန်းပါ ၄ ဦးကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းတို့(၄)ဦးသည် ပူးပေါင်းပါဝင်သူ သူရဝင်းနိုင်၊ ကျော်မင်းသူတို့နှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ်မှ  YBS ယာဉ်လိုင်းများပေါ်သို့ လိုက်ပါစီးနင်း၍ ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများထံမှ လက်ကိုင်ဖုန်းအမျိုးမျိုး  ၆ လုံးနှင့် အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသမီး(၁)ဦး၏ လက်ကိုင်အိတ်အတွင်းမှ ရွှေဆွဲကြိုး(၁)ကုံးအား နှိုက်ယူခဲ့ကြကြောင်း  ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းအမျိုးမျိုး(၈)လုံးနှင့် ရွှေဆွဲကြိုး (၁)ကုံး တို့အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခါးပိုက်နှိုက်မှုကျူးလွန်သူ ထွန်းထွန်းပါ ၆ ဦးကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ဆွေဦး






အခြားဆက်စပ်သတင်းများ