နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Hotel Guest List Management System ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ကုမ္ပဏီအတည်ပြု ရွေးချယ်

နေပြည်တော်၊ ဇန်နဝါရီလ ၁၁ ရက်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် Hotel GuestList Management System ကိုအဆင့်မြှင့်တင် ဆောင်ရွက်ရန် Flymya ကုမ္ပဏီကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီအဖြစ် အတည်ပြု ရွေးချယ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့်  Hotel Guest List Management  System (HGLMS) စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်အထိ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ (၅) ခုက အဆိုပြုလွှာများ လာရောက်တင်သွင်းခဲ့သည်။  

 အဆိုပါကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက် ၊ နေ့လယ် (၁:ဝ၀) နာရီအချိန်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ တင်ဒါကော်မတီဝင်များ၊ ဖိတ်ကြားထားသော ကျွမ်းကျင်ပညာရှင်များ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် တင်သွင်းထားသော အဆိုပြုလွှာနှင့် ဈေးနှုန်းများကို Video Conferencing စနစ်ဖြင့် ဖွင့်ဖောက်စိစစ်အတည်ပြုခဲ့ပါသည်။ ထို့နောက် အဆိုပြုလွှာတင်သွင်းလာသော ကုမ္ပဏီ (၅) ခုကို  Video Conferencing စနစ်ဖြင့် ကုမ္ပဏီ (၁)ခုချင်းစီနှင့် ပြန်လည်တွေ့ဆုံ၍ တင်ဒါအဆိုပြုလွှာများ၊ ဆောင်ရွက်ပေးမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ရှင်းလင်းတင်ပြချက်များကို စိစစ်မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် Hotel Guest List Management System ကိုအဆင့်မြှင့်တင်ရေး အကောင်ထည်ဖော်ဆောင်ရွက်ရန် သတ်မှတ်စံနှုန်းများနှင့်အညီ တင်ဒါကော်မတီ၏ ရွေးချယ်မှု၊ ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ၏  သဘောတူခွင့်ပြုမှုဖြင့် Flymya Co., Ltd ကို လုပ်ငန်းအပ်နှံရန်           အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ