နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းကုမ္ပဏီ PTTEP အနေနှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် တိုးချဲ့ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်     ဇန်နဝါရီ       ၉

ထိုင်းနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ(PTTEP)အနေနှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် တိုးချဲ့ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါ PTTEP ကုမ္ပဏီမှ သိရသည်။

PTTEP ကုမ္ပဏီ၏ မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်သော လုပ်ကွက်များအား တိုးချဲ့ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ယခုအခါ PTTEP ကုမ္ပဏီနှင့် မြန်မာအစိုးရအကြား သဘောတူညီချက် ရရှိထားပြီဖြစ်ပြီး ၎င်းစီမံကိန်းသည် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုအားလုံး လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း PTTEP ၏ အမှုဆောင်အရာရှိချုပ် Phongsthorn Thavisin က ပြောသည်။

အဆိုပါ PTTEP ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်း တိုးချဲ့ဆောင်ရွက်မည့် စီမံကိန်းတွင် မြန်မာ့ကမ်းလွန် ပင်လယ်၌ သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေး၊ မိုင် ၂၃၀ ခန့် ရှည်လျားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုတည်ဆောက်ရေး၊ မဂ္ဂါဝပ် ၆၀ဝ ခန့် ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ရေးနှင့် ဓာတ်အားလိုင်းများ သွယ်တန်းဆောင်ရွက်ရေး စသည့်လုပ်ငန်းများ ပါဝင်ကြောင်း၊ ဓာတ်အားပေးစက်ရုံသစ်ကို ရန်ကုန်မြို့၏ အနောက်တောင်ဘက် ၃၇ မိုင်ခန့်အကွာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။                        

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ