နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံက Sinopharm ဆေးဝါးကုမ္ပဏီ၏ ကိုဗစ်ကာကွယ်ဆေးကို အထွေထွေအသုံးပြုခွင့်ပေး

ဘေဂျင်း  ဇန်နဝါရီ  ၁


နိုင်ငံပိုင် Sinopharm ဆေးဝါးကုမ္ပဏီကဖော်စပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးကို အများပြည်သူ အသုံးပြုနိုင်ရန် တရုတ်အာဏာပိုင်များက အခြေအနေအလိုက် အထွေထွေအသုံးပြုခွင့်ပေးအပ်ခဲ့သည်။ 

ကနဦးအချက်အလက်များအရ တတိယအဆင့် စမ်းသပ်ထိုးနှံမှုတွင် ယင်းတို့၏ ဆေးဝါးက ကိုဗစ်-၁၉ ရောဂါကို ၇၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟု တွေ့ရှိရကြောင်း Sinopharm ကုမ္ပဏီက ပြောခဲ့ ပြီးနောက် တစ်ရက်အကြာတွင် တရုတ်အာဏာပိုင်များက အခြေအနေအလိုက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ တတိယအဆင့် စမ်းသပ်ထိုးနှံနေသည့် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးအများအပြားကို အရေးပေါ်        အသုံးပြုခွင့်လိုင်စင်ရရှိပြီးကတည်းက အသုံးပြုလျက်ရှိသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါမှာ ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပြန့်ပွားခဲ့သည်။ သို့သော် တရုတ်နိုင်ငံက တင်းကျပ်သည့်စည်းမျဉ်းများဖြင့် ရောဂါ ကူးစက်မှုနှုန်းကို လျှော့ချနိုင်ခဲ့သည်။ 

Sinopharm ကုမ္ပဏီက ထုတ်လုပ်သည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံတွင် ပထမဆုံး အထွေထွေ အသုံးပြုခွင့်ရသည့် ကာကွယ်ဆေးဖြစ်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံရေးအတွက် အဓိက ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် တရုတ်နိုင်ငံက အရေးပါသည့် လုပ်သားများနှင့် ရောဂါကူးစက်နိုင်ခြေများသူများအတွက် ကာကွယ်ဆေး ၃ မျိုးကို ထိုးနှံခွင့်ပြုခဲ့ပြီး ကာကွယ်ဆေးအဖုံရေ ၄ ဒသမ ၅ သန်းကျော် ထိုးနှံပေးခဲ့သည်။ တရုတ်နှစ်သစ်ကူး စတင်မည့် လာမည့်ဖေဖော်ဝါရီလလယ်တွင် နောက်ထပ် လူ ၁၀ သန်းကို ကာကွယ်ဆေးထိုးနှံပေးရန် တရုတ်အစိုးရက မျှော်လင့်နေသည်။              (KNT)






အခြားဆက်စပ်သတင်းများ