နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနင်္သာရီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 တနင်္သာရီ၊ ဒီဇင်ဘာ ၃၁


  ဒီဇင်ဘာ ၂၉ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာသွားကားလမ်း၊ ဥယျာဉ်ခြံအနီးတွင် တင့်လွင်(ခ)သံချောင်းအား ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် တင့်လွင်(ခ)သံချောင်း(၄၉)နှစ်အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ဒီဇင်ဘာ ၂၇ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် မိုးလွင်ဦးမောင်းနှင်ပြီး ကျဟဲ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မိုးလွင်ဦး(၂၇)နှစ်၊ ကျဟဲ (၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ