နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမားတွေဆီက ဒီထက်ပိုကောင်းတဲ့ကစားပုံမျိုး မတောင်းဆိုနိုင်တော့ပါဘူးဆိုတဲ့ နည်းပြ လမ်းပတ်

ဒီဇင်ဘာ ၃၀

တနင်္လာနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ ၁-၁ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ် ။ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှ ပွဲထွက်စာရင်းကို ၆ နေရာအထိ လဲလှယ်ခဲ့ကာ၊ ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့်၊ ချဲလ်ဆီးအသင်းရဲ့ တုံ့ပြန်မှုကောင်းကို မတွေ့ခဲ့ရပါဘူး။ ပထမပိုင်း  ၃၄ မိနစ်မှာ တိုက်စစ်မှူး အိုလီဗီယာဂျရူးရဲ့ ခေါင်းတိုက်ဂိုးနဲ့ ချဲလ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့်၊ ဒုတိယပိုင်းပြန်အစ ၅မိနစ် ဝန်းကျင်မှာ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ဒီသရေရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ၊ ၄ ပွဲအထိ နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်ပြီး၊ ဒီပွဲတွေမှာ အမှတ်မလျော့ခဲ့ဘူးဆိုရင် ဇယားထိပ်ကိုပင်ရောက်မှာဖြစ်လို့ ချဲလ်ဆီးပရိသတ်တွေကတော့ နည်းပြဖရန့်လမ်းပတ်အပေါ် စိတ်ရှည် သည်းခံနိုင်ခြင်းမရှိတော့ပါဘူး။

ပွဲအပြီးမှာတော့ လမ်းပတ်အနေနဲ့ အသင်းသားတွေဆီက ဒီထက် ပိုကောင်းတဲ့ ကစားပုံမျိုး၊ စွမ်းဆောင်ရည်မျိုး မတောင်းဆိုနိုင်တော့ဘူးလို့ အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။ Amazon Prime နဲ့ ပွဲပြီး အင်တာဗျူးမှာ လမ်းပတ်က "သေချာတာပေါ့။ ဒီနေ့ပွဲရဲ့ အသင်းလိုက် စွမ်းဆောင်ရည်အရ အသင်းသားတွေဆီကနေ ကျွန်တော်အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျွန်တော့်ကိုစိတ်မပျက်စေခဲ့ပါဘူး။ အသင်းသားတိုင်း ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ်။ လိုအပ်တဲ့အနိုင်ရလဒ်ကိုသာ မစွမ်းဆောင်နိုင်ခဲ့တာပဲရှိတာပါ။ ဗီလာဟာလည်း ပွဲချိန်အတွင်း အခိုက်အတန့်ကောင်းတချို့ကို ပိုင်ဆိုင်ခဲ့ပေမယ့် သူတို့ကိုတားဆီးပြနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံကအားကောင်းခဲ့ပြီး၊ အဖွင့်ဂိုးနဲ့လည်း ထိုက်တန်မှုရှိခဲ့ပါတယ်။  

ဒုတိယပိုင်းမှာတော့  ကျွန်တော်တို့ဟာ  အသင်းသားတစ်ယောက်  ကွင်းထဲမှာလဲလျက်နဲ့  ဂိုးပေးခဲ့ရပါတယ်။  ဦးဆောင်ဂိုးပြန်ရဖို့ ကျွန်တော်တို့တွန်းအားပေးခဲ့ပြီး၊ အခွင့်အရေးကောင်းတချို့လည်း ဖန်တီးနိုင်ခဲ့သလို၊ ဂိုးသွင်းနိုင်လုနီးပါးလည်း ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာ ချဲလ်ဆီးအသင်းဟာ အဆင့် ၆ နေရာမှာရှိနေတယ်ဆိုပေမယ့်၊ ပြိုင်ဖက်အသင်းအများစုထက် တစ်ပွဲပိုကစားထားလို့၊ အချိန်မရွေးပြန်ဆင်းသွားနိုင်ပါတယ်။ နောက်လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီးအသင်းဟာ မန်စီးတီးကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။                             

(SO)






အခြားဆက်စပ်သတင်းများ