နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းပြည်ပ ငရုတ်ဈေးကွက် ကျယ်ပြန့်ခိုင်မာလာစေရန် သက်ဆိုင်ရာ အသင်းအဖွဲ့များ ချိတ်ဆက်ဆောင်ရွက်သွားမည်

ရန်ကုန်   ဒီဇင်ဘာ    ၃၀

ဧရာဝတီတိုင်းဒေသကြီး ငရုတ်စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်းအနေဖြင့် ပြည်တွင်း၊ ပြည်ပ၌ ငရုတ်ဈေးကွက် ကျယ်ပြန့်ခိုင်မာလာစေရန် အခြားအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ငရုတ်အစို၊ အခြောက်များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့လာနိုင်ခြင်းကြောင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်လာနိုင်ပြီဖြစ်ရာ ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရေး၊ ငရုတ်ပင်များ ရောဂါပိုးမွှားများ ကင်းရှင်းစေရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်စေရေးတို့အတွက် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဂရုတစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့တင်ပို့နေသော ငရုတ်သီးများသည် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အရင်ဝင်ရောက်ပြီး ထိုမှတစ်ဆင့် ပြည်ပသို့တင်ပို့ခြင်းဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ရွှေလောင်း စသည့်ဒေသများ၌ ငရုတ် စိုက်ပျိုးထွက်ရှိမှု များပြားကြောင်း သိရသည်။
အလားတူ ငရုတ်ကို မန္တလေး၊ မကွေးနှင့် စစ်ကိုင်း စသည့်တိုင်းဒေသကြီးများတွင်လည်း မိုးကြိုငရုတ်၊ မိုးနှောင်းငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ ရာသီအလိုက် ခွဲခြားစိုက်ပျိုးကြပြီး လက်ရှိတွင် ပြည်ပတင်ပို့မှုထက် ပြည်တွင်းစားသုံးမှုက ပိုမိုများပြားကြောင်း သိရသည်။              

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ