နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါင်မြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

ပေါင်၊ ဒီဇင်ဘာ ၃၀

 ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်း၊ အမှတ်(၂၀)နယ်မြေနေ ဒေါ်ချိုချိုခိုင်၏ နေအိမ်တွင် ရေနွေးအိုးတည်ထားရာမှ မီးကူးစက်လောင်မှု ဖြစ်ပွားခဲ့သဖြင့် သထုံခရိုင်မီးသတ်စခန်းနှင့် မော်လမြိုင်ခရိုင်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ် ၉ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
 အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေါ်ချိုချိုခိုင်အား မုတ္တမနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဒီဇင်ဘာ ၂၆ ရက်၊ ည ၇ နာရီအချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ မင်္ဂလာရွာသစ်ရွာရှိ အိမ်ရှင် ဦးဇော်မျိုးဟိန်း၏ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း  ၂ ထပ်နေအိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျပြီး ဘေးပျဉ်နံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ဘားအံခရိုင်မီးသတ်စခန်းနှင့် မြို့နယ် မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၇ စီးဖြင့် သွားရောက် ၍ ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် ပျဉ်ခင်း ၂ ထပ် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ရှင် ဦးဇော်မျိုးဟိန်း အား ဘားအံမြို့နယ်၊ အိန္ဒုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ