နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၅၄/၀)နှင့်(၁၅၄/၁)ကြားတွင် ဘိဘပ်မြေဖျော်ယာဉ်အရှိန်လွန်တိမ်းမှောက်

အုတ်တွင်း၊ ဒီဇင်ဘာ ၃၀

 ဒီဇင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၅၄/၀)နှင့် (၁၅၄/၁)ကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးစည်သူအောင် မောင်းနှင်လာသော ယာဉ်အမှတ်(YGN-1D/xxxx) ဘိလပ်မြေဖျော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် အုတ်တွင်း မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပါသည်။
 အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ ကြောင်းနှင့် ယာဉ်မောင်း ဦးစည်သူအောင်အား အုတ်တွင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရ သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ