နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားခိုးမှုကျူးလွန်သူတစ်ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

   ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် တရားလို ဦး----သည် ၎င်းငှားရမ်းထားသည့် YGN-4J/6882 Hino Light Truck အမျိုးအစားယာဉ်ပေါ်မှ ကြက်ဘဲများအားရောင်းပြီး ယာဉ်အား အထက်ပုဇွန်တောင်လမ်းမကြီးပေါ် ကြက်ဘဲဈေးထိပ်၌ ရပ်နားထားခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၅ နာရီအချိန် အဆိုပါယာဉ်မှာ ပျောက်ဆုံးနေသဖြင့် ယာဉ်အားခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ကြောင်း သိရသည်။

 အမှုနှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူးက အနီးကပ် ကြီးကြပ်၍ နယ်ထိန်းအရာရှိ ဒုရဲအုပ် ရန်ပိုင်ဦးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်မှ သတင်းရယူစုံစမ်းခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျည်စုကျေးရွာနေ ဖိုးလပြည့်(ခ)ဝေလ (ကြက်မွေးနှုတ်)သည် Light Truck ကားတစ်စီးအား မောင်းနှင် သွားကြောင်း သတင်းအစရရှိခဲ့ကြောင်း၊ အမှုဖြင့် မသင်္ကာသူ ဖိုးလပြည့် (ခ)ဝေလအား ဒီဇင်ဘာ ၂၈ ရက်၊ ညနေ ၅ နာရီအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ငန်ပြာရည် စက်ရုံအနီး၌ ဖမ်းဆီးရမိစစ်ဆေးခဲ့ရာ အဆိုပါယာဉ်အား ဝိုင်ယာကြိုးဖြင့် ရှော့ရိုက်၍စက်နှိုးကာ သံသုမာလမ်း အတိုင်း သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း၊ စံပြဈေးအနီးအရောက် စတီယာတိုင်လော့ကျ သွားသဖြင့် ယာဉ်အားရပ်တန့်ထားခဲ့ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း  YGN-4J/6882 Hino Light Truck အမျိုးအစား ယာဉ်အား ပြန်လည်သိမ်းဆည်းပြီး ဖိုးလပြည့်(ခ)ဝေလကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ