နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ပင်လယ်အော်ပုံစံစွမ်းရည်မြင့်မြို့တော် (Emerald Bay Eco Smart City) စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်နေ

ရန်ကုန်၊  မေ  ၇

Emerald Bay Eco Smart City လုပ်ငန်း စီမံကိန်းကို မြန်မာတက်လမ်းလုပ်ငန်းစုနှင့် စင်ကာပူနိုင်ငံမှ  Singapore Golden Paragon Investment Pte.,Ltd မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀ဝ မီလျံ ရင်းနှီးမြုပ်နှံလုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းရှိ၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာ အမရာမြစိမ်းကွေ့တွင် အကောင်အထည်ဖော်တည်ဆောက် နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစီမံကိန်းကို ပင်လယ်အော်ပုံစံ နိုင်ငံတကာအဆင့်မီ စွမ်းရည်မြင့်မြို့တော်ကြီး အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် (Emerald Bay Eco Smart City) ဟု အမည် ပေးထားခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါစီမံကိန်းတွင် အများပြည်သူအသုံးပြုရန်နေရာများ၊ ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံများ၊ ရေကူးကန် များ၊ ဝေဟင်ပန်းဥယျာဉ်၊ ကမ်းနားပန်းခြံ၊ ညမီးလင်းလျှောက်လမ်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများ၊ ကလေး ကစားကွင်းများ၊ စပိဘုတ်ဆိပ်ကမ်းများ၊ အဆင့်မြင့်လုံခြုံရေးနည်းစနစ်များ၊ ရပ်ဝန်းတစ်ခုလုံးအား လွှမ်းခြုံ ထားနိုင်သော အသံစနစ်များ၊ နိုင်ငံတကာကြယ်ငါးပွင့်အဆင့်ဝန်ဆောင်မှုများ၊  မော်တော်ယာဉ်အစီးရေ ၇၂၀ဝ ကျော် ရပ်နားနိုင်မည့် ဟိုက်ဒရောလစ်ကားပါကင်များနှင့် ရွက်လှေဆိပ်ကမ်းတစ်ခုပါဝင်မည်ဖြစ်သည့်အပြင် အဆိုပါစီမံကိန်းရှိ ဆိပ်ကမ်းများကို Yangon Water Bus ဆိုက်ကပ်ရာ၌လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (Emerald Bay Eco Smart City) လုပ်ငန်းစီမံကိန်းတွင် အမရာအိမ်ရာစီမံကိန်းကိုလည်း            ထည့်သွင်းအကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါအိမ်ရာစီမံကိန်းတွင် အထပ်ပေါင်း        ၃၂ ထပ်ရှိ တိုက်အလုံးပေါင်း ၁၁ လုံးပါဝင်မည်ဖြစ်ပြီး လူနေအိမ်ခန်းပေါင်း ခြောက်ထောင်ကျော် ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းကို အပိုင်း(၁)နှင့် အပိုင်း(၂)ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားကာ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။ အပိုင်း(၁)တွင် တိုက်ငါးလုံးပါဝင်ကာ ၂၀၂၂ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်သွားမည်ဟုပြောသည်။ အပိုင်း(၁)ကို တည်ဆောက်အပ်နှံပြီးနောက် အပိုင်း(၂)ဖြစ်သည့် တိုက်ခြောက်လုံးကို ဆက်လက်ဆောက်လုပ်မည်ဖြစ်ကာ စီမံကိန်းကာလမှာ ငါးနှစ်ခွဲခန့်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ Emerald Bay Eco Smart City လုပ်ငန်းစီမံကိန်းကို ၂၀၁၉ ခုနှစ် မတ်လခန့်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလမှာ ငါးနှစ်ခွဲခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

(ကိုသစ္စာလှိုင်)






အခြားဆက်စပ်သတင်းများ