နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ဂိမ်းကုမ္ပဏီပိုင်ရှင် သေဆုံးမှုတွင် အဆိပ်သင့်ခဲ့ဟု တွေ့ရှိကြောင်း ရှန်ဟိုင်းရဲတပ်ဖွဲ့ ပြော

ဘေဂျင်း  ဒီဇင်ဘာ ၂၈


Game of Thrones: Winter Is Coming ဗျူဟာဂိမ်းအပါအဝင် ဂိမ်းများဖန်တီးသည့် Yoozoo ကုမ္ပဏီပိုင်ရှင်မှာ အဆိပ်သင့်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းရဲတပ်ဖွဲ့က ပြောသည်။ အသက် ၃၉ နှစ် ရှိသည့် လင်ချီမှာ ပြီးခဲ့သည့်ခရစ္စမတ်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။


လင်ချီ သေဆုံးမှုအတွက် ယင်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် ရှူကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ထားကြောင်း ရှန်ဟိုင်း ရဲတပ်ဖွဲ့က ပြောသည်။ တရုတ်နိုင်ငံ၏ မက်မောဖွယ် ဂိမ်းဈေးကွက်တွင် ထိပ်တန်းလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် လင်ချီမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ အသားတင်ချမ်းသာကြွယ်ဝသည်ဟု Hurun China Rich List တွင် ဖော်ပြထားသည်။


လင်ချီမှာ ၂၀၀၉ ခုနှစ်က Yoozoo ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ဂိမ်းဈေးကွက်တွင် ဖုန်းဂိမ်းများအဖြစ် အသွင်ပြောင်းလဲလာသည့် ကာလ၌ ကုမ္ပဏီကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သည်။


(KNT)






အခြားဆက်စပ်သတင်းများ