နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်ယွန်အသင်းကဒီပေးကို လာမည့်အပြောင်းအရွှေ့ကာလတွင် ယူရို ၅သန်းဖြင့် ရောင်းချရဖွယ်ရှိနေ

ဒီဇင်ဘာ    ၂၁


လိုင်ယွန်အသင်းကလာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်မှူးဒီပေးကို ပြောင်းရွှေ့ ကြေးယူရို ၅ သန်းဖြင့်သာရောင်းချရဖွယ်ရှိနေကြောင်းသိရသည်။

ဒီပေးသည် လက်ရှိတွင် လိုင်ယွန်အသင်း၌ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိနေသော်လည်း လက်ရှိဘောလုံးရာသီကုန်ဆုံးလျှင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

လိုင်ယွန်အသင်းကဒီပေးကိုသက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုသော်လည်းယင်းကငြင်းပယ်ထားပြီး အသင်း ပြောင်း ရွှေ့မည်ဟု ပြောကြားခဲ့သည့်အတွက် အသင်းကအလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုသောကြောင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယူရို ၅ သန်းဖြင့် ရောင်းချရဖွယ်ရှိနေသည်။

ဒီပေးသည် လက်ရှိဘောလုံးရာသီတွင် လိုင်ယွန်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၆ ပွဲပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုလေးကြိမ်ပြုလုပ်ထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ