နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးရက်အတွင်း နှစ်ပွဲဆက်ရှုံးတာဟာ ကစားသမားတွေအတွက် ကြီးမားတဲ့သင်ခန်းစာလို့ လမ်းပတ်ပြောဆို

 ဒီဇင်ဘာ  ၂၀


 ချယ်လ်ဆီးတို့ဟာ ၁၇ ပွဲဆက်တိုက်ရှုံးပွဲမရှိဖြစ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံစိန်ခေါ်သူတွေအဖြစ် အများက ထည့်သွင်းစဉ်းစားခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လေးရက်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲနှစ်ပွဲဆက် ရှုံးပြီးနောက် သူ့ကစားသမားများဟာ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရပြီဖြစ်ကြောင်းနဲ့ တိုးတက်အောင် လုပ်စရာတွေအများကြီးရှိနေကြောင်း ဖရန့်လမ်းပတ်ကဝန်ခံခဲ့ပြီး ဝုဗ်တို့ကိုရှုံးခဲ့တာက သူ့ကိုအံ့အားမသင့် စေခဲ့ဘူး လို့ဆိုပါတယ်။ ဒါက ခဏတာပုံစံကျဆင်းခြင်းလားလို့ သူ့ကိုမေးတဲ့အခါ လမ်းပတ်က “ကောင်းပြီ၊ ဒါက ကျွန်တော်တို့အပေါ်မှာမူတည်နေတာပဲလေ၊ ဟုတ်တယ်မလား။ ဒီအုပ်စုအတွင်းမှာ တိုးတက်အောင်      လုပ်စရာတွေအများကြီးရှိနေသေးတယ်လို့ ကျွန်တော်ထင်နေဆဲဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော် အကြီးအကျယ် အံ့အားသင့်ရပါတယ်လို့ ပြောမှာမဟုတ်ပါဘူး။ ခင်ဗျားက ကိုယ့်အဆင့်အတန်းကို ချမိပြီ ဆိုရင်၊ နောက်ဆုံးနှစ်ပွဲမှာ ကျွန်တော်တို့ရှိခဲ့တာမျိုးပေါ့၊ အထူးသဖြင့် အဝေးကွင်းပွဲတွေမှာပေါ့ဆိုရင် ဘောလုံးပွဲတွေ ခင်ဗျားရှုံးမှာပါလို့ ကျွန်တော့်ရဲ့ပရီးမီးယားလိဂ်အတွေ့အကြုံက ပြောပါတယ်။ ဒါဟာ ကစားသမားများအတွက် ကြီးမားတဲ့သင်ခန်းစာဖြစ်ပါတယ်။ အသင်းတစ်သင်းကို သူတို့ရဲ့ အားသာချက် အတိုင်း ခင်ဗျားက  ပေးကစားမယ်ဆိုရင် အဲဒီပွဲကို ခင်ဗျားရှုံးနိုင်တာပေါ့။ ဒါကို ရင်ဆိုင်ဖြေရှင်းဖို့ ကျွန်တော် တို့မှာ ကစားသမားတွေရှိပါတယ်၊ ဒါပေမဲ့ ဘောလုံးက သူတို့ဘောက်စ်ရှေ့မှာရောက်နေတဲ့အချိန် ကောင်တာ ပရက်စ်အတွက်တော့ မပြင်ဆင်ခဲ့မိပါဘူး။ ဒါက ပင်ပန်းနွမ်းနယ်မှု အချို့လည်းဖြစ်နိုင်ပါတယ်။ ဒါက ဆင်ခြေတစ်ခုလိုဖြစ်နေပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့တဲ့ ပထမမိနစ် ၆၀ လောက်မှာတောင် ကျွန်တော်တို့မှာ ခွန်အားအပြည့်ရှိမနေခဲ့ပါဘူး” လို့ လမ်းပတ်က ဝန်ခံပါတယ်။ 

ဝုဗ်မန်နေဂျာနူနိုကတော့ အရှုံးနောက်ကနေ ကောင်းစွာတုံ့ပြန်ခဲ့ကြတဲ့ သူ့ကစားသမားများကို ချီးကျူးခဲ့ပါတယ်။ ချယ်လ်ဆီးတို့အတွက် အခုတလောကယ်တင်ရှင်ဖြစ်နေတဲ့ အိုလီဗာဂျီရူးက ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ဝုဗ်တို့ရဲ့ကောင်တာတိုက်စစ်နှစ်ခုမှာ အရှုံးပေးခဲ့ကြရတာဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ချယ်လ်ဆီး တို့က အဆင့်လေးနေရာထဲကဆင်းခဲ့ရပြီး အဆင့် ၅ ဖြစ်သွားခဲ့ပါတယ်။ ၉၅ မိနစ်က ပက်ဒရိုနက်တိုရဲ့ အနိုင်ဂိုးဟာ ချယ်လ်ဆီးတို့က ပွဲပြီးခါနီးအရှေ့တက်အတင်းဖိနေတဲ့အချိန် လွတ်သွားတဲ့ဘောကနေ နက်တိုအတွက်နေရာလွတ်အများကြီးရပြီး ပြန်ကျုံးသွားတာဖြစ်ပါတယ်။                                                          (SO)






အခြားဆက်စပ်သတင်းများ