နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘွန်ဒက်စ်လီဂါမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်သွားတဲ့ မော်ကိုကို

 ဒီဇင်ဘာ  ၂၀


ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ယူနီယံဘာလင်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ပွဲစဉ်မှာ ဒေါ့မွန်တို့ ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ဇယားထိပ်က လီဗာကူဆန်တို့ထက် တစ်ပွဲပိုကစားကာ ၆ မှတ်လျော့နဲ့ အမှတ်ပေး ဇယားရဲ့ အဆင့် ၄ နေရာမှာပဲဆက်လက် ရှိနေခဲ့ပါတယ်။ ဟာလန်းဟာ လေ့ကျင့်ရေးမှာ ဒဏ်ရာရသွား ခဲ့တာကြောင့် ယခုပွဲစဉ်မှာ အသင်းရဲ့ယာယီနည်းပြဖြစ်သူ ယခင် လက်ထောက်နည်းပြလဲဖြစ်တဲ့ ခရို အေးရှားသား အီဒင်တာဇစ်ဟာ တိုက်စစ်မှာ ၁၆ နှစ်သား ယူဆွတ်ဖာ မော်ကိုကိုတစ်ဦးတည်းကိုသာ အထောင် ထားပြီး သူ့နောက်မှာ ဆန်းချို၊မာကိုရူးစ်၊ ရေနားတို့ကို ခြံရံပြီး တိုက်စစ်ကိုပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ 

ပွဲကိုစတင်ဦးဆောင်ခဲ့သူက အိမ်ရှင်တို့ပဲဖြစ်ပြီး ပွဲချိန် ၅၇ မိနစ်မှာအိမ်ရှင်တို့ရဲ့ တိုက်စစ်မှူး အဝိုနီရီက ကွင်းလယ်ကစားသမား ပရိုမဲလ်က ထပ်ဆင့်ခေါင်းတိုက်ချပေးလိုက်တာကို အနိမ့်ခေါင်းတိုက်ချက်နဲ့ ဝင်ပိတ်ပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်တို့အတွက်ချေပဂိုးကို ဦးဆောင်ဂိုးပေးလိုက်ရပြီး ၃ မိနစ်အကြာမှာပဲ ယူနီယံဘာလင်တို့ဘက်အခြမ်း ကွင်းလယ်သာသာလောက်မှာ ဘယ်ခြမ်း fullback ရာဖေးလ် ဂွာရိုင်းရိုက မျောချပေးလိုက်ရာမှာ ၁၆ နှစ်သား မော်ကိုကိုက ရယူပြေးဆွဲပြီး ဘယ်ခြေနဲ့မနားတမ်း အပြင်းကန်သွင်းကာအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာရရှိတဲ့ ညာထောင့်ကန်ဘောကနေ တစ်ဆင့် ဖရိုင်းဒရစ်က အဝေးတိုက်ချက်နဲ့ ထောင်တိုက်ကာ အဆုံးသတ်သွားခဲ့ကာ ယူနီယံဘာလင်တို့ အနိုင် ၃ မှတ်ဂိုးကိုရယူသွားခဲ့ပါတယ်။ ဒီပွဲမှာ အသင်းရှုံးနိမ့်ခဲ့ပေမဲ့ အသက် ၁၆ နှစ်၂၈ ရက်နဲ့လိဂ်ဂိုးရခဲ့တဲ့ ဒေါ့မွန် တို့ရဲ့ တိုက်စစ်မှူးလေးဟာ ဘွန်းဒက်စ်လီဂါသမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းယူသူအဖြစ် သမိုင်းမှတ်တမ်း သစ် ရေးထိုးသွားနိုင်ခဲ့ပါတယ်။                                                                                                           (SO)






အခြားဆက်စပ်သတင်းများ