နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်ပင်လုပ်သားများနှင့် အမှိုက်သိမ်းယာဉ်မောင်းများအတွက် ဆန်၊ဆီများလှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၈

ကိုဗစ်-၁၉ ရောဂါကူးစက်ကာလအတွင်း စားရေးသောက်ရေးအခက်အခဲမရှိ အဆင်ပြေစေရန် စည်ပင်လုပ်သား များနှင့် အမှိုက်သိမ်းယာဉ်မောင်းများအတွက် ဆန်၊ ဆီများလှူဒါန်းပေးခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ရွှေဟင်္သာစတိုးမိသားစုမှ ကိုဗစ်-၁၉ ရောဂါကူးစက်ကာလ လှည်းကူးမြို့နယ်အတွင်း မြို့ပြ သန့်ရှင်းသာယာလှပရေးနှင့် ရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြသော စည်ပင်လုပ်သားများနှင့် အမှိုက်သိမ်းယာဉ်မောင်း(၄၈)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့ကို စည်ပင်သာယာရေးအဖွဲ့ရုံးသို့ လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက စည်ပင်လုပ်သားများနှင့် အမှိုက်သိမ်းယာဉ်မောင်း(၄၈)ဦးတို့ လက်ဝယ်အရောက် ပြန်လည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။                                    

နိုင်လင်း(လှည်းကူး)






အခြားဆက်စပ်သတင်းများ