နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူဦးကြီးတို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် A bank Hire Purchase လျှောက်ထားနိုင်ပြီ

ရန်ကုန် ဒီဇင်ဘာ ၁၉

A bank SME Business အနေဖြင့် တောင်သူဦးကြီးတို့၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန် A bank Hire Purchase ဖြင့်ချေးငွေထုတ်ပေးလျက်ရှိသည်။ စက်မူနည်းပညာ၏ အရှိန်အဟုန်ဖြင့် လုပ်ငန်းလည်ပတ်ပြီး အောင်မြင်မှု တိုးတက်စေမည့် အနာဂတ်သို့ လျှောက်လှမ်းနိုင်ပြီဖြစ်သည်။ တောင်သူဦးကြီးတို့အတွက် Royal Motor Co.,Ltd.နှင့် တောင်ပေါ်သားရီရှင်းစိုက်ပျိုးရေး Co.,Ltd တို့မှ ခေတ်မီနည်းပညာများဖြင့် ထုတ်လုပ်သော လက်တွန်းထွန်စက်၊ ရိတ်သိမ်းစက်၊ စပါးအခြောက်ခံစက်များကို လုပ်ငန်းခွင်လိုအပ်ချက်များအတွက် အချိန်ကုန်သက်သာပြီး လုပ်ငန်း တွင်ကျယ်စေရန် မြန်ဆန်လွယ်ကူစွာဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။

ထိုသို့ဝယ်ယူလိုသူများအနေဖြင့် A bank မှ ချေးငွေကာလကို အများဆုံး ၅ နှစ်သက်တမ်း သတ်မှတ်ပေးထားပြီး ငွေပမာဏမှာ သန်း ၂၀ မှ သန်း ၁၀၀ အထိ A bank Hire Purchase ကို လျှောက်ထားနိုင်ပြီဖြစ်သည်။ အသေးစိတ် သိရှိလိုပါက A bank SME Business ဖုန်းနံပါတ် 01-9559199, 01-9559399 (Ext, 2335 , 2339 ,2226) သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပြီဖြစ်သည်။   

(WP)






အခြားဆက်စပ်သတင်းများ