နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမ်းမြို့နယ် ခမောင်းချောင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီသစ်ဖွဲ့စည်းခြင်းပြုလုပ်

အမ်း ဒီဇင်ဘာ ၁၉

ကျောက်ဖြူခရိုင် အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် အမ်းမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါက်တာလေးလေးဆွေနှင့် ဝန်ထမ်းများက အမ်းမြို့နယ် စခန်းမော်ကျေးရွာအုပ်စု ခမောင်းချောင်း ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ၏ ဖွဲ့စည်းပေးခြင်းအား ကိုဗစ် ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ပေးခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းသည် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ တိတိထောက်ပံ့ပေးပြီး ပြည်သူများမှ ၁၀ ရာခိုင်နှုန်း ပါဝင်ကာ ကျေးလက်နေပြည်သူများ ကိုယ်တိုင်ကျေးရွာ၏ အဓိကလိုအပ်ချက်ဖြစ်သော ဖွံ့ဖြိုးရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါက်တာ လေးလေးဆွေက ရှင်းလင်းပြောကြားပြီး ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အမ်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ ၇ ရွာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူးက ပြောပြချက်အရသိရသည်။

ဦးအောင်လှဖြူ (ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ