နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ၂ နှစ်ဆက်တိုက်ရရှိသူ ဂျာဂင်ကလော့

ဒီဇင်ဘာ ၁၉

လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ဟာ The Best FIFA နည်းပြအကောင်းဆုံးဆုကို ဒုတိယအကြိမ်ရရှိခဲ့ပြီး ဘိုင်ယန်ရဲ့ ပဲ့ကိုင်ရှင် ဟမ်စီဖလစ်ခ်နဲ့ လိဒ်ယူနိုက်တက်ရဲ့ ပဲ့ကိုင်ရှင် ဘီရယ်လ်ဆာ တို့ကိုကျော်ဖြတ်ပြီး ရခဲ့တာဖြစ်ပါတယ်။

ကလော့ဟာ နိုင်ငံလက်ရွေးစင်အသင်းနည်းပြတွေ၊ နိုင်ငံလက်ရွေးစင် အသင်း အသင်းခေါင်းဆောင်တွေဆီက မဲအများဆုံးရခဲ့တာဖြစ်ပါတယ်။ ဂျာဂင်ကလော့ဟာ ဒီဆုကို ၂ နှစ် ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ မှာ ဥရောပချန်ပီယံလိဂ်ဆုဖလားကို အန်ဖီးဒ်ဆီ သယ်ဆောင်ပေးနိုင်ခဲ့သူ လည်းဖြစ်ပါတယ်။ နည်းပြကြီး ကလော့က “ကျွန်တော် အံ့ဩသွားပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က ကျွန်တော် ဒီဆုကိုရခဲ့လို့ပါ။ကျွန်တော့်ရဲ့ နည်းပြတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီဆုရမယ်လို့ သိခဲ့ရင် ကျွန်တော့်ရဲ့ နည်းပြတွေ ဒီမှာ ကျွန်တော်နဲ့အတူရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံး ထူးရှယ်နှစ် တစ်နှစ်ကိုရခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးလ်ပရိသတ်တွေအတွက် ခက်ခဲတဲ့အချိန် ကာလမှာ ထူးခြားတာတွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘယ်လိုမျိုး ခံစားရလဲတောင် ကျွန်တော် ပြောမပြ တတ်အောင်ပါပဲ” လို့ ဆုလက်ခံရယူပြီးတဲ့နောက်မှာ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပထမဆုံးပွဲစဉ် ၂၁ ပွဲမှာ ရမှတ် ၆၁ မှတ်ရှိခဲ့သလို အကောင်းဆုံးရာသီအစကို ပိုင်ဆိုင်နိုင်ခဲ့ကာ ခြေစွမ်းပိုင်းဟာ ထိပ်တန်းမှာပဲရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပွဲစဉ် ၇ ပွဲ ကျန်ရှိနေသေးတဲ့အချိန်မှာ နှစ် ၃၀ ကြာမှ ပြန်ပြီး အမှတ်ပေးချန်ပီယံဆုဖလားကို ပထမဆုံးပြန်လည်ရယူပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ နည်းပြကြီး ဂျာဂင်ကလော့ဟာ The Best အကောင်းဆုံးနည်းပြဆုကို ၂ ကြိမ်ရရှိခဲ့တဲ့ ပထမဆုံး နည်းပြဖြစ်လာခဲ့သလို ၂ နှစ်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ