နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆယ်ကျော်သက်အရွယ်က မိုက်ကယ်အိုဝင်ရရှိခဲ့တဲ့စံချိန်ကို ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မချိုးဖျက်နိုင်

ဒီဇင်ဘာ ၁၉

မိုက်ကယ်အိုဝင်ရဲ့ တောက်ပမှုက ဆယ်ကျော်သက်အရွယ်မှာကတည်းကစခဲ့တာဖြစ်ပြီးတော့ လီဗာပူးနဲ့ အင်္ဂလန်တိုက်စစ်နေရာတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ နေရာတစ်နေရာ အပိုင်စားအရယူလာနိုင်တဲ့သူဖြစ်ပါ တယ်။ စံချိန်တွေ အများကြီးကို အစောကြီးတင်နိုင်ခဲ့တယ်။

၁၉၉၈ ကမ္ဘာ့ဖလားမှ အာဂျင်တီးနားဘက်ကို သွင်းခဲ့တဲ့ ဂိုးဟာဆိုရင် ကမ္ဘာ့ဂန္တဝင်ဂိုးအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ဒီလိုမှတ်တမ်းကောင်းတွေစံချိန်တွေရခဲ့တာကတော့ အိုဝင်ရဲ့ ငှက်ကလေးတစ်ကောင်လို မြန်ဆန်မှုတွေအဆုံးသတ်ကောင်းတွေ၊ သွက်လက်ပေါ့ပါးစွာ  ရွေ့လျားမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ အိုဝင်ရဲ့ကစားဟန်ကို ကြည့်ဘူးသူတိုင်းက သူ့ကို ငှက်မြန် လေးလို့ ပြောစမှတ်ပြုကြပါတယ်။ မိုက်ကယ်အိုဝင်ဟာ လီဗာပူးမှာကစားရင်း ပရီးမီးယားလိဂ်မှာ (၂၂) နှစ် ကြာတဲ့ အထိဘယ်သူမှ မချိုးဖျက်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းခဲ့သူအဖြစ် စံချိန်တစ်ခုကိုတင်နိုင်ခဲ့ပါတယ်။

ဒီဟက်ထရစ်ကတော့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်မှာ ရှက်ဖီး အသင်းဘက်ကို သွင်းခဲ့တာဖြစ်ပြီး သွင်းယူချိန်မှာ အိုဝင်ရဲ့ အသက်ဟာ (၁၈) နှစ်နဲ့ (၆၂) ရက်ဖြစ်ပါတယ်။

ဒါ့အပြင် အိုဝင်ရဲ့ အခြားဟက်ထရစ်မှတ်တမ်းတွေကိုပြောရရင် ပရီးမီးယားလိဂ်မှာ ဟက်ထရစ် (၈) ကြိမ် ရထားပြီး အဂူရို၊ ရှီးယားနဲ့ ဖောင်လာတို့နောက်မှာ အွန်နရီ၊ ကိန်းတို့နဲ့ အတူရပ်တည်နေပါတယ်။ အိုဝင်ရဲ့         ဒီ (၂၂) ကြာစံချိန်ကိုတော့ လက်ရှိပရီးမီးယားလိဂ်မှာ လူငယ်ကစားသမားတွေ အပြိုင်အဆိုင်ထွန်းတောက် လာခဲ့ကာ အရည်အချင်းကောင်းတွေ၊ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ထွန်းတောက်နေဆဲဖြစ်ပေမယ့် အခုထိအိုဝင်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့်သူမပေါ်သေးပါဘူး။   

(SO)






အခြားဆက်စပ်သတင်းများ