နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၅ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ဆွန်ဟောင်မင်

ဒီဇင်ဘာ ၁၉

တောင်ကိုရီးယား၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စပါးစ်အသင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ရရှိသွားခဲ့ပါတယ်။ ဒီဆုကိုတော့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်(KFA)က တောင် ကိုရီးယားကစားသမားတွေထဲက အကောင်းဆုံးကစားသမားကိုမဲပေးရွေးချယ်ခြင်းဖြစ်ပြီး မဲအများဆုံးအဖြစ် ဆွန်ဟောင်မင်ကရရှိခြင်းလည်းဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာဒီဆုကို စံချိန်တင် ၅ ကြိမ်မြောက်ရရှိခြင်း လည်းဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားလက်ရွေးစင်အသင်းရဲ့ ကပ္ပတိန်တစ်ဦးဖြစ်ပြီး တောင် ကိုရီးယားလက်ရွေးစင်အသင်းနဲ့အတူ ပွဲပေါင်း ၈၉ ပွဲပါဝင်ကစားကာ ၂၆ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းမှာ ၂၀၁၀ ပြည့်နှစ်က စတင်ပါဝင်ကစားခဲ့ကာ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၉ နဲ့ လက်ရှိ ၂၀၂၀ မှာ စံချိန်တင် ၅ ကြိမ်ရရှိထား တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီနှစ်ရာသီမှာလည်း စပါးစ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၀ဂိုးအထိသွင်းယူကာ အသင်း၏ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနေသူလည်း ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ