နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စတန့်ထွင်ဂိုးသွင်းပြီး မဝင်ခဲ့တဲ့ မိုရာတာကို ဒေါသထွက်ခဲ့တဲ့ ပီယာလို

ဒီဇင်ဘာ ၁၈

ဂျူဗင်တပ်အသင်းရဲ့နည်းပြ အန်ဒရေပီယာလိုဟာ ဗုဒ္ဓဟူးနေ့ညက အတ္တလန်တာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲက တိုက်စစ်မှူး အယ်ဗာရိုမိုရာတာရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုအပေါ် စိတ်ဆိုးဒေါသထွက်မိ ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီပွဲမှာ မိုရာတာနဲ့ ရိုနယ်ဒိုတို့ဟာ အတ္တလန်တာဧရိယာထဲကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး ဂိုးသွင်းဖို့ကြိုးစားခဲ့ကြပါတယ်။

ရိုနယ်ဒိုဆီကနေ မိုရာတာဆီ ဘောလုံးရောက်လာချိန်မှာတော့ အတ္တလန်တာဂိုးသမား၊ နောက်တန်းတို့ဟာ ဧရိယာထဲမှာလဲကျနေကြပါပြီ၊ ဂိုးပေါက်ကို ကာကွယ်သူမရှိတော့ ပါဘူး။ ဒါပေမယ့် ဂိုးကိုကျောပေးထားတဲ့ မိုရာတာဟာ ကိုယ်ကိုလှည့်မကန်ဘဲ ဖနောင့်နဲ့ပေါက်ကာ ဂိုးသွင်းယူ ခဲ့ပါတယ်။ ကံမကောင်းချင်တော့ ဖနောင့်ပေါက်ချက်လွဲသွားခဲ့ပြီး ဂိုးလွန်ဘောအဖြစ်နဲ့ အဆုံးသတ်သွားခဲ့ ပါတယ်။ ဂိုးသွင်းမှု လွဲချော်အပြီးမှာ မိုရာတာဟာ ကွင်းဘေးစည်းကို လှမ်းကြည့်ခဲ့တာက လူများကျွံနေမလား ဆိုတဲ့ စိုးရိမ်စိတ်ရှိနေတာကို ပေါ်လွင်စေခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စည်းကြပ်ဒိုင်ရဲ့လက်က မြောက်တက်မလာခဲ့ပါဘူး။ ပွဲအပြီးမှာတော့ နည်းပြ ပီယာလိုက မိုရာတာရဲ့ လွဲချော်မှုအပေါ် စိတ်ဆိုးဒေါသ ထွက်ခဲ့ပေမယ့် စပိန်တိုက်စစ်မှူးဟာ ဒီပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ ပါတယ်။ “မိုရာတာရဲ့အလွဲက ကျွန်တော့်ကို အရမ်းစိတ်ဆိုးစေခဲ့ပါတယ်။ ဒါမျိုးက လုံး၀မဖြစ်သင့်ပါဘူး။ ဒီအခွင့်အရေးက ပွဲကို အလှည့်အပြောင်းဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေလိုအပ်ပါတယ်။

ဒါကို သူမလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီ အခိုက်အတန့် ကလွဲရင်တော့ ဒီပွဲမှာ သူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ တစ်ခါတစ်လေတော့လည်း ဂိုးမသွင်းနိုင်တဲ့ အချိန်ဆိုတာရှိတတ်ကြတာပါပဲ”လို့ ပီယာလိုက ပြောဆိုသွားခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ အဆိုပါသရေပွဲ ကြောင့် အေစီမီလန်နဲ့ အမှတ်နီးကပ်မယ့် အခွင့်ကောင်းကိုဆုံးရှုံးခဲ့ရပါတယ်။ အေစီမီလန်ဟာ ဂျီနိုအာနဲ့ ၂ဂိုးစီသရေကျခဲ့တာကြောင့် ၂၈ မှတ်နဲ့ အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နေပေမယ့် အဲဒီညက နိုင်ပွဲ ရသွားတဲ့ အင်တာမီလန်က   ၁မှတ်အကွာကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ