နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗလောင်းဗလဲနဲ့ အပြောင်းအလဲများတဲ့ အေဂျင့်ရိုင်းအိုလာ

ဒီဇင်ဘာ ၁၈

ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာက အမျိုးမျိုးသော အခြေအနေအကြောင်းတရားတွေကြောင့် ပေါ့ဘာရဲ့ အနာဂတ်ဟာ သေချာမှုမရှိသေးဘူးလို့ဆိုပါတယ်။  ရွိုင်းအိုလာကတော့ သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော် လောက်က ရွိုင်းအိုလာက ပေါ့ဘာရဲ့အနာဂတ်ဟာ အိုးထရက်ဖိုဒ့်မှာ သက်တမ်းကုန်သွားပြီလို့ပြောဆိုခဲ့သလို သူ့ကစားသမားကလည်း ဂျူဗင်တပ်ကို ပြောင်းရွှေ့လိုတယ်လို့ဆိုပါတယ်။ ဒီမှတ်ချက်တွေကို ပေါ့ဘာကလည်း တုံ့ပြန်ခြင်းမရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ နည်းပြဆိုးလ်ရှားက ပေါ့ဘာကို တော့ယုံနေဆဲဖြစ်ပြီး မန်စီးတီးနဲ့ပွဲမှာ ပွဲချိန်ပြည့်ထည့်သုံးခဲ့ပါတယ်။ ဒါဘီပွဲစဉ်အပြီးမှာတော့ ပေါ့ဘာ ကိုယ်တိုင်က သူ့အနေနဲ့ ယူနိုက်တက်အတွက် တိုက်ခိုက်နေတယ်လို့ဆိုခဲ့သလို ကလပ်နဲ့သူ့ကြား ဘာပြောင်းလဲမှုမှာရှိမှာမဟုတ်ဘူးလို့ အတိအလင်းကြေညာခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ်အထိ ပေါ့ဘာဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်းရှိနေသေးပေမယ့် အရှုပ်ထုပ်ရွိုင်းအိုလာ ကတော့ ပေါဂ့်ဘာ အပြောင်းရွှေ့ကနေ အကျိုးအမြတ်ရစေဖို့ရည်ရွယ်ပြီး ဂျူဗင်တပ်စ် ဒါမှမဟုတ် ရီးရဲလ်ကို ပြောင်းရွှေ့စေဖို့ကြံရွယ်နေတာကတော့ ထင်ရှားနေပါတယ်။ လာမယ့်ဇန်နဝါရီမှာ အပြောင်းအရွှေ့ကခက်ခဲနိုင် တယ်လို့ဝန်ခံခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ ကစားသမားကို တခြားအသင်းဆီအရောက်ပို့ဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။

ပေါ့ဘာနဲ့ပတ်သက်ပြီး ရွိုင်းအိုလာက ''ပေါ့ဘာက ကောင်းမွန်တဲ့အနာဂတ်ရှိပါလိမ့်မယ်။ အင်္ဂလန်မှာ တော့ သူ့သတင်းတွေက တော်တော်လေး အုတ်အော်သောင်းတင်းဖြစ်ကြပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့ အတွေးအမြင်ကိုပဲဖော်ပြခဲ့တာပါ။ ပေါ့ဘာအနေနဲ့ လာမယ့်နွေမှာ အသင်းကထွက်ခွာနိုင်တယ်လို့သာပြောခဲ့ တာပါ။ ဇန်နဝါရီမှာတော့ ထိပ်တန်းအပြောင်းအရွှေ့တစ်ခုဖြစ်ဖို့ ခက်ခဲပါတယ်” ဟု ဆိုပါတယ်။  တော်တော် အပြောင်းအလဲများတဲ့အေးဂျင့်ပဲလို့ပြောရမလိုဖြစ်နေပြီ။

(SO)






အခြားဆက်စပ်သတင်းများ