နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထူးကြီးကျေးရွာလမ်းမပေါ် ဓားကိုင်ရမ်းကားသူ ဖမ်းဆီး

ရန်ကုန်  မေ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်းပိုင်တွင် ဒုရဲအုပ်စိုးထွန်းနိုင် ဦးဆောင် ၍ အသိသက်သေများနှင့်အတူ မေ ၃ ရက် ညနေ ၃ နာရီခွဲခန့်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ထူးကြီးကျေးရွာလမ်းမပေါ်၌ အမျိုးသားတစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒလမြို့နယ် ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်စိုးထွန်းနိုင်၊ ရဲဒုတပ်ကြပ် ဇော်ဇော်အောင်၊ ဇွဲမင်းထွေးတို့နှင့်အတူ အသိသက်သေများပါဝင်ကြလျက် ထိရောက်ကြိုကာ၊ နယ်မြေ     လှည့်ကင်းဆောင်ရွက်စဉ် ထူးကြီးကျေးရွာလမ်းမပေါ်တွင် မျိုးလွင်ဦး(ဘ)ဦးထွန်းသိန်း (၂၈) နှစ် ဆိုသူအား လက်ထဲ၌ အသွား ၇ လက်မ၊ အရိုး ၄ လက်မ စုစုပေါင်းအရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင် တစ်ချောင်းကိုင်ဆောင်ရမ်းကားနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လူ့အသက်ကိုသေစေနိုင်သော ဓားဦးချွန် ကိုင်ဆောင်ရမ်းကားနေသူ မျိုးလွင်ဦးဆိုသူကို ဒလပျော်ဘွယ်ကြီးနယ်မြေရဲတပ်ဖွဲ့စခန်းမှ (ပ) ၁၀၄/၂၀၂၀ လက်နက်ဥပဒေပုဒ်မ ၁၉ (င)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

      အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ