နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွမ်းဆောင်ရည်မှတ်တမ်းတွေကျဆင်းလာနေတဲ့ပြိုင်ဘက်မရှိ မက်ဆီ ရဲ့ ဖရီးကစ် မဝင်မှု မှတ်တမ်း

ဒီဇင်ဘာ ၈


လီယွန်နယ်မက်ဆီ တစ်ယောက် နူးကမ့်ကို စွန့်ခွာလိုပေမယ့် ဘာစီလိုနာနဲ့ လာလီဂါတို့ရဲ့ ပူးပေါင်း တားမြစ်မှုကြောင့် ကိုယ်သွားချင်တဲ့ နေရာကို မသွားရဘဲ ကိုယ်မပျော်တဲ့ နေရာမှာ ဆက်နေရတဲ့မက်ဆီရဲ့စိတ် ဒုက္ခဟာ အနည်းနဲ့အများ ထိခိုက်စေခဲ့တယ်။ ဒါရဲ့ အကျိုးဆက်က ဒီရာသီမှာ မက်ဆီရဲ့ ကျဆင်းသွားတဲ့ အရည်အသွေးတွေက သက်သေပြလို့နေပါတယ် ။ မနှစ်တုန်းက လာလီဂါ မှာ ၂၅ ဂိုး သွင်းပြီး ၂၂ ဂိုး ဖန်တီးခဲ့တဲ့ မက်ဆီဟာအခုရာသီလာလီဂါ ၁၀ ပွဲ မှာ ၄ ဂိုးပဲ သွင်းပြီး ၂ ဂိုးပဲ ဖန်တီး ရသေးတာမျိုးတွေသာလုပ်ဆောင် နိုင်တယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ ပွဲမှာလည်း ပင်နယ်တီ ဂိုးတွေကို ထည့်မတွက်ဘူးဆိုရင် ၂ ဂိုးတည်း သာကန်သွင်းနိုင်ခဲ့တယ်။ အနီးဆုံးပွဲဖြစ်တဲ့ ကာဒဇ် နဲ့ပွဲမှာလည်း မက်ဆီ ဟာ ဂိုးပေါက် ကန်သွင်းမှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပေမယ့်တစ်ဂိုးမှ မဂိုး ခဲ့ပါဘူး ။ ဖရီးကစ်တည်ကန်ဘောတွေမှာတိကျလွန်းလို့နာမည်ကြီးခဲ့တဲ့မက်ဆီဟာ အခုတော့ ၆၂ ကြိမ်မှာ ၁ ကြိမ်သာဂိုးရတဲ့အခြေအနေထိရောက်ခဲ့ရပါတယ်။ ဒီ ၆၂ ကြိမ်မှာ ဂိုးပေါက်လွဲတာ ၁၄ ကြိမ်၊တိုင်ထိတာ ၃ ကြိမ်၊ကာထားတဲ့ သူတွေကိုထိတာ ၂၃ ကြိမ်၊ဂိုးသမားကာကွယ်ခံရတာ ၂၁ ကြိမ်တို့ပဲဖြစ်ပါတယ်။ 

မက်ဆီဟာပြီးခဲ့တဲ့ရာသီကစလို့ ယခုအချိန်ထိစိတ်အနှောင့်အယှက်ဖြစ်မှုတွေဟာ သူ့ရဲ့စွမ်းဆောင်ရည် ကိုပါ ထိခိုက်လာတာသိသာလှပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒို ကတော့ ဖရီးကစ်မဝင်တာ ၄၂  ကြိမ် ဖြစ်ခဲ့ပေမယ့်အခု မက်ဆီက အကြိမ် ၂၀ တောင်ကျော်သွားခဲ့ပါပြီ ၊ ဒီစွမ်းရည်ကျဆင်း ရတာဟာ မက်ဆီ တစ်ယောက် ပြောင်းရွှေ့ခွင့်မရလို့လား၊ မက်ဆီ ဟာ ဘာစီလိုနာ အတွက် ကစားဖို့ ဆန္ဒမရှိ တော့တာလားဆိုတာ စဉ်းစားစရာကောင်းနေပါတယ်။                                                                                              

 (SO)






အခြားဆက်စပ်သတင်းများ