နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ဘဏ္ဍာရေးကွာဟချက်ကြီးမားလာခဲ့ရမှုအကြောင်း

ဒီဇင်ဘာ ၈


အခုလိုကမ္ဘာ့ကပ်ရောဂါပြဿနာနဲ့အတူ နောက်ဆက်တွဲလိုက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေပိတ်ထားရမှုတွေက ကလပ်တွေရဲ့ အခြေအနေကို အကြီးအကျယ်အထိနာစေခဲ့ပါတယ်။ ဒါပေမယ့် ရီရဲမက်ဒရစ်အသင်းကတော့လက်ရှိရာသီ ငွေကြေးစာရင်းရှင်းတမ်းကို ယခုအပတ်အတွင်းထုတ်ပြန်ခဲ့တယ် လို့ စပိန်သတင်းစာမာကာက ဆိုပါတယ်။ အကြောင်းကတော့ တခြားလာလီဂါ ထိပ်သီးအသင်းကြီးဖြစ်တဲ့ အယ်လ်သလက်တီကိုပြိုင်ဘက် ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အသင်းအခြေအနေ ယိမ်း ယိုင်မှုတွေဖြစ်ပေါ်နေချိန်မှာ ရီးရဲလ်တို့က အေးဆေးပဲဖြစ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။ 

ရီးရဲလ်တို့ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဘာမှမလုပ်ခဲ့ဘဲငြိမ်နေခဲ့လို့ ပီရက်ဇ်ကိုအားမရတဲ့ပရိသတ်တွေ အတွက် အခုလိုသူများတွေ ဘဏ္ဍာရေးအခက်အခဲ ရင်ဆိုင်နေရချိန်မှာ အခြေအနေကိုနားလည်သွားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ လာလီဂါ ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းရဲ့လစာအမြင့်ဆုံးကစားသမား ဂါရတ်သ်ဘေးလ်ကို လစာတစ်ဝက်မျှခံခိုင်းပြီး စပါးထံပို့ခဲ့ပြီးမှ အပြောင်းအရွှေ့ကိုဆောင်ရွက်ခဲ့ကာ သူနဲ့ အတူ ရီဂွယ်လ်လွန်ကိုပါ ယူရိုသန်း ၃၀ နဲ့အဆစ်ထည့်လိုက်နိုင်ပါသေးတယ်။ ဒါကြောင့် အသင်းရဲ့လက်ရှိအသားတင် တန်ဖိုးက ယူရို ၅၃၃ သန်းရှိပြီး ၁၂၅ သန်းငွေပေါ်ခဲ့ကာ အခုလိုအချိန်မှာ သူတို့ကိုဆက်လက်တောင့်ခံ ထားနိုင်စေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ဒီရာသီအသုံးစာရိတ်ကိုလည်း ယူရို ၆၁၇ သန်းမှ သန်း ၃၀၀ အထိလျှော့ချဖို့ ကတော့ လာမဲ့ဒီဇင်ဘာ ၂၀ ရက်နေ့မှာ တရားဝင်အတည်ပြုဖြစ်တယ်လို့ မာကာကဆိုပါတယ်။ ဘာစီလိုနာရဲ့ လက်ရှိဘဏ္ဍာရေး အခြေအနေတွေက ဒေဝါလီ မခံရရုံ တမယ် သာရှိတော့ပြီး အကြွေး ယူရိုသန်း ၁၀၀၀ ရှိနေခဲ့ပြီဖြစ်ကာ ကစားသမားတွေရဲ့ လစာ လျှော့ချမှုတွေကိုပါ လုပ်ဆောင်နေရပါတယ်။ ဥက္ကဋ္ဌဟောင်း ဂျိုးဆက်ဘာတိုမြူကတော့ အခြေအနေကို မထိန်းသိမ်းနိုင်တော့ဘဲ နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလာလီဂါ ကလပ်နှစ်သင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို နှိုင်းယှဉ်ကြည့်ရင်အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ ဥက္ကဋ္ဌတို့ရဲ့အရည်အချင်း၊ အတွေးအခေါ်၊လုပ်ဆောင်ချက်တွေဘယ်လောက်အထိကွာဟနေတယ်ဆိုတာသိသာလွန်းလှပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ