နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာပေ နဲ့စာချုပ်သစ် ကိစ္စ တိုးတက်မှုရှိတယ်လို့ ဆိုလိုက်တဲ့ လီယိုနာဒို

ဒီဇင်ဘာ ၇


ပဲရစ် အခြေစိုက် သတင်းတွေမှာတော့ ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုး ဖို့အတွက်လည်း စဉ်းစားနေသလို ၊ ရီးရဲ မက်ဒရစ် (သို့) လီဗာပူး အသင်းတွေဆီ ပြောင်းရွှေ့ဖို့ အတွက်လည်းချိန်ဆလျက် ရှိနေတယ်လို့ ရေးသားထားပါတယ်။ ဘာပေရဲ့ လက်ရှိ စာချုပ်ဟာ၂၀၂၂ ခုနှစ် နွေရာသီ ရောက်ရင် ကုန်ဆုံးမှာ ဖြစ်ပြီး ၊ ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ဒီရာသီ အကုန်မှာ တရားဝင် ချဉ်းကပ်ခွင့်တွေ ရှိနေပါတယ်။ ရီးရဲ မက်ဒရစ်ကလည်း အသင်းရဲ့တိုက်စစ်ကို အားဖြည့်တဲ့ အနေနဲ့ ဘာပေကို ခေါ်ယူချင်တဲ့ ဥက္ကဋ္ဌကြီး ပီရက်က အချိန်တန်တာနဲ့ ဘာပေကို ဘာနေဗျူး အရောက် ခေါ်ယူပေးမယ့်အကြောင်း ပြောဆိုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ရီးရဲ မက်ဒရစ်ဟာ ကစားသမားသစ် မခေါ်ယူသလို အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေကိုသာ ရောင်းထုတ်ပစ်ခဲ့တာဟာ ၊ ဘာပေအတွက် ကြိုတင် နေရာရှင်းနေခဲ့တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

လီဗာပူး ကတော့ ဘာပေရဲ့ ဖခင်ဖြစ်သူ နဲ့ အသင်းတာဝန်ရှိသူတွေအကြား အဆက်အသွယ်တွေ အမြဲမပြတ် ရှိနေတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ် ထားခဲ့ပါတယ်။ PSG ဟာ ဘာပေ ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ဆုံးခင်ကတည်းက ဖြစ်ပေမယ့် ၊ ကစားသမား ဘက်က အချိန်မတန်သေးဘူးလို့ ပယ်ချခဲ့တာကြောင့် တိုးတက်မှုတွေ ရှိမလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ Canal+ နဲ့ အင်တာဗျူးမှာတော့ အားကစား ဒါရိုတ်တာ လီယိုနာဒို က “ ကျနော် တို့က အဲဒီ အကြောင်းအရာကို အလေးအနက်ထား ဆွေးနွေးနေပါပြီ။ ကျနော်တို့ ဘက်ကလည်း လိုလိုလားလား နဲ့ ကမ်းလှမ်းထားသလို ၊ သူတို့ ဘက်ကလည်း လိုလိုချင်ချင် နဲ့ ညှိနှိုင်းနေတာပါ။ ဒါကြောင့် ဘာပေ ရဲ့ အနာဂတ် အတွက် လားရာ တစ်ခုတည်းကို ဦးတည်နေပြီလို့ ပြောလို့ ရပါတယ်။ အားလုံးက အဆင်ပြေပါတယ် လွန်ခဲ့တဲ့ နှစ်ပတ်က အနေအထားတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် တိုးတက်မှုတွေ ရှိလာနေတယ်လို့ ပြောရမှာပါ။ ရှေ့ဆက်ပြီး အဖြေရှာသွားကြဦးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။                                                    (SO)






အခြားဆက်စပ်သတင်းများ