နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးအသင်း ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ် အသင်းပြောင်းရွှေ့ရန် စီစဉ်

ဒီဇင်ဘာ ၇


စပါးအသင်း ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်က အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် အတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိမည့် အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဟယ်ရီဝင့်ခ်သည် ၂၀၁၆ ခုနှစ်က စပါး လူငယ်အသင်းမှ စီနီယာအသင်းသို့ပြောင်းရွှေ့ ကစားခဲ့ပြီး အစောပိုင်းနှစ်များက အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း နည်းပြ မော်ရင်ဟို လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိသောကြောင့် အသင်းပြောင်းရန် စီစဉ်နေခြင်းဖြစ်သည်။

ဟယ်ရီဝင့်ခ်သည် ၂၀၂၁ ခုနှစ်၌ ကျင်းပမည့် ယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ခွင့်ရရှိနိုင်ရေး အတွက် ပွဲထွက်ခွင့်ပုံမှန်ရရှိနိုင်မည့် အသင်းကို ပြောင်းရွှေ့လိုနေခြင်းဖြစ်သည်။

ထို့အပြင် အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်ကလည်း ကစားသမားများအနေဖြင့် ယူရိုပြိုင်ပွဲတွင် ပါဝင်ခွင့် ရရှိလိုပါက သက်ဆိုင်ရာကလပ်အသင်းများ၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ကြိုးစားရမည်ဟု ပြောကြားထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ