နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပထမအသင်းမှာနေရာလည်းမပေး အလွတ်နဲ့လည်းမထွက်ခွါစေလိုတဲ့လင်ဂတ်ကို မန်ယူတို့စာချုပ်သစ်ချုပ်ဆို

ဒီဇင်ဘာ ၇


အိုးထရက်ဖို့ဒ်မှာ အမေ့ခံကစားသမား ဖြစ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားလင်ဂတ်ရဲ့ စာချုပ်ဟာ နောက်ဆုံး ၁၂ လ အတွင်းသို့ရောက်လာတာကြောင့် လာမယ့်နွေရာသီမှာ အလွတ်ဖြင့် ထွက်ခွာနိုင်ပါတယ်။ ဒါပေမယ့်မန်ယူတို့က အသက်၂၇ နှစ်သား လင်ဂတ်ကို အလွတ်ဖြင့် မထွက်ခွာစေလိုဘဲ တန်ကြေး ရချင်တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ပထမအသင်းမှာ လင်ဂတ်ကို နေရာပေး မကစားထားသော်လည်း နောက်ထပ်တစ်နှစ် စာချုပ်ထပ်တိုးဖို့ပြင်ဆင်နေကြောင်း သိရပါသည်။ ယူနိုက်တက် အကယ်ဒမီထွက် လင်ဂတ်ဟာ ကလပ်အတွက် ပြိုင်ပွဲစုံ ၁၇၅ ပွဲ အထိ ကစားပေးထားပြီး ၂၀၁၈ ခုနှစ် ကမ္ဘာဖလား ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၂ နှစ်အတွင်း လင်ဂတ်ရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းသွားခဲ့ပြီး ကလပ်နဲ့နိုင်ငံအသင်းမှာပါ နောက်ပိုင်းတွင် ပွဲထွက်ခွင့် မရတော့တဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ယခုနှစ်အတွင်း EFL ဖလားတွေမှာ ၂ ပွဲသာ ပွဲထွက်ကစားရပြီး ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပွဲတွေမှာ နည်းပြ ဆိုးလ်ရှားရဲ့ မျက်နှာသာပေးခြင်း မခံရတဲ့ သူအဖြစ် ရှိနေပါတယ်။                                                                                                                                              


(SO)






အခြားဆက်စပ်သတင်းများ