နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရိသတ်တွေရဲ့ ရှေ့မှာ ပြန်လည်အောင်ပွဲခံခွင့်ရတဲ့ ခံစားချက်ကို လာကာဇက်နဲ့ မိတ်လန်နိုင်းလ်စ်တို့ ဖွင့်ဟပြောဆို

ဒီဇင်ဘာ ၇


ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရက်ပစ်ဝီယန် အသင်းနဲ့ အာဆင်နယ် အသင်းတို့ကစားခဲ့တဲ့ပွဲမှာ ပရိသတ် အယောက် ၂၀၀၀ အမ်းမရိတ်ကွင်းထဲကို ဝင်ရောက်အားပေး ကြည့်ရှုခွင့်ရရှိခဲ့ပါတယ် ။ အာဆင်နယ် ပရိသတ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ နေထိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေး အတွက် အကာအကွယ်တွေ ဝတ်ဆင်ကာ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် အသင်းဟာ ရက်ပစ်ဝီယန်အသင်းကို လေးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ လာကာဇက် ၊ မာရီ ၊ အန်ခီတီးယား နဲ့ စမစ်ရို တို့က သွင်းယူ ပေးခဲ့တာပါ။ 

ပွဲအပြီးမှာတော့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်က ပရိသတ်တွေရဲ့ အောင်ပွဲခံသံတွေ ပြန်ကြား ရတဲ့ အပေါ် ” ပရိသတ်တွေက ကျနော်တို့ နောက်မှာ ရှိနေတာက သိပ်ကို ကောင်းမွန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ကျနော့်အတွက် အတော်လေး ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေ ကွင်းထဲမှာ ပြန်အားပေးနိုင်တဲ့အပေါ် ကျွန်တော် အင်မတန် ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီကနေ့မှာ ပရိသတ်တွေကို ပြန်မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေခဲ့တာပါ ။ ပွဲချိန် အတွင်းမှာ သူတို့က အသင်းကို အများကြီး အထောက်အကူ ဖြစ်စေပါတယ် ၊ကျွန်တော်တို့ အတော်ကောင်းကောင်း ကစား နိုင်ခဲ့တာပါ ၊ အားလုံး အားထည့် ကစားကြပါတယ်“လို့ ပြောကြားသွားခဲ့ပါတယ်။ မိတ်လန်နိုင်းလ်စ် ကလည်း ပရိသတ်တွေ ကွင်းထဲ ပြန်လည် ရောက်လာခဲ့တာနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ ဒီအချိန်ကို စောင့်ဆိုင်း နေခဲ့တာ အတော်ကြာခဲ့ပါပြီ ၊ ဒါပေမယ့် ပရိသတ်တွေကို ပြန်တွေ့ရတော့ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီနေ့မှာ ပရိသတ် ၂၀၀၀ ဝင်ရောက် အားပေးခွင့်ရခဲ့ပါတယ် ၊ တဖြည်းဖြည်းနဲ့ ဒီထက် ပိုများများ ဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ် ။ ပရိသတ်တွေရဲ့ အော်ဟစ် အားပေးသံ ၊ အောင်ပွဲခံသံ ပြန်ကြားရတာက ကြည်နူးစရာပါပဲ ၊ သူတို့က ကျွန်တော်တို့ရဲ့ ၁၂ ယောက်မြောက် ကစားသမား တစ်ဖြစ်လဲ ပရိသတ်တွေပါ ” လို့ ပြောကြား သွားခဲ့ပါတယ်။                                                                                                                               

(SO)






အခြားဆက်စပ်သတင်းများ