နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆဲလ်ဘတ်ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားဆိုဘိုဇလိုင်းဆီဖုန်းဆက်ပြီးစည်းရုံးခဲ့တဲ့နည်းပြဇီဒန်း

 ဒီဇင်ဘာ ၇


စပိန်သတင်းစာမာကာက သြစတြီးယားကလပ် အာဘီဆဲလ်ဘတ်ရဲ့ဘယ်ခြမ်းတိုက်စစ်ကစားသမား ဒိုမီနစ် ဆိုဘိုဇလိုင်းကို ရရှိဖို့လိုက်နေကြတဲ့ဥရောပတလွှားက ထိပ်တန်းအသင်းကြီးတွေထဲမှာ ရီရဲမက်ဒရစ် လည်းပါဝင်လာခဲ့ပြီလို့ ဖော်ပြလိုက်ပါတယ်။ ကွင်းလယ်ကစားသမားဒိုမီနစ်ဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ၂ ပွဲ ၂ ဂိုး၊ အုပ်စုအဆင့်ပွဲမှာ ၅ ပွဲ၂ ဂိုးသွင်းယူထားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မူလနေရာက ဘယ်ခြမ်းကွင်းလယ်ဖြစ်ပေမဲ့ ကွင်းလယ်တိုက်စစ်အပြင် ဗဟိုကွင်းလယ်မှာလည်း ကောင်းကောင်းကစားပြထား နိုင်ခဲ့ပြီး ယခုနှစ်ရာသီ သြစတြီးယားဘွန်းဒက်စ်လီဂါမှာ ၁ဝ ပွဲကစား ၄ ဂိုးသွင်း ၆ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာကြောင့် လိဂ်ပွဲတစ်ပွဲ တစ်ဂိုးနှုန်း ပါဝင်ပတ်သက်ထားနိုင်သူဖြစ်ပါတယ်။ 

ဒီလိုခြေစွမ်းတွေကြောင့်တောင်ပံတိုက်စစ်ရောကွင်းလယ်မှာပါကောင်းကောင်းရတဲ့ဟန်ဂေရီသားလေးကို ရီးရဲလ်နည်းပြ ဇီဒန်းက ဒိုမီနစ်ထံ ဖုန်းခေါ်ဆိုခဲ့ပြီး မက်ဒရစ်ကိုလာခဲ့ဖို့ ချိတ်ဆက်ခဲ့တယ်လို့မာကာကဆိုပါတယ်။ မင်းဘဝရဲ့ကစားသမား လယ်ဗယ် နောက်တစ်ဆင့်ကိုတက်ချင်ရင် ငါ့ဆီကိုလာခဲ့ပါလို့ ပြောဆိုစည်းရုံးခဲ့သလို ဒီအသက်၂ဝ အရွယ်ကစားသမားအတွက်လဲ အာမခံ ချက်တွေပေးကာ နားချဖျောင်းဖျခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဂျာမန်သတင်းစာ Bild ရဲ့သတင်းအရ ယခုနှစ်ဆောင်းရာသီ စျေး ကွက်မှာတင် ဒီကစားသမားလေးကို သူတို့ဆီအမြန်ခေါ်ယူဖို့နဲ့ မက်ဒရစ်ဆီအမြန်လာခဲ့ဖို့ကို ဇီဒန်းကအလိုရှိနေတယ်လို့ ဆိုထားပါသေးတယ်။ ဒီဇန်နဝါရီမှာ ဒိုမီနစ်သာ မက်ဒရစ်ရောက်သွားပါက အစ္စကိုရဲ့အပြောင်းအရွှေ့ ပါတပြိုင်နက်တည်းဖြစ်ပေါ်လာ ဖို့ရှိနေခဲ့တာကြောင့် ယူရို ၂၅ သန်းတန်ကြေးရှိ ဒိုမီနစ်ကြောင့်ပီရက်ဇ်ရဲ့အိတ်ကပ်ထဲကို အစ္စကိုရဲ့ပြောင်းရွှေ့ကြေး ပိုငွေအပြင် သူ့ထက်ငယ်ရွယ်ပြီးကြာရှည်အသုံးခံမဲ့ကစားသမားတစ်ယောက်ပါပြန်ရလိုက်တာမျိုးဖြစ်လာဖို့ရှိနေသလို ဆဲလ်ဘတ် အသင်း ဘက်ကလည်း ၂၀၁၇ ခုနှစ်မတ်လတုန်းက ဟန်ဂေရီကလပ် ဗီဒီယိုတန်ကနေ ယူရို ၅ သိန်းပေးဝယ်ထားခဲ့တဲ့ ဒီချာတိတ်ဆီကနေ အကျိုးအမြတ်များစွာထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။  (SO)






အခြားဆက်စပ်သတင်းများ