နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုးထရက်စ်ဖို့ကွင်းမှာတုန်းက အချစ်ဆုံးဖြစ်ခဲ့ပြီး ခုတော့အမုန်းဆုံးဖြစ်ခဲ့ရသူ ဟာရဲရား

ဒီဇင်ဘာ ၆


ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူနဲ့ပီအက်စ်ဂျီတို့တွေဆုံစဉ် မန်ယူတို့က ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဟာရဲရားနဲ့ ရင်ဆိုင်တွေ့ခဲ့ရတဲ့ ဖရက်ဒ်တစ်ယောက် နှစ်ဝါတစ်နီနဲ့အထုတ်ခံခဲ့ရပါတယ်။ ဟာရဲရား ဟာ အိုးထရက်ဖို့ဒ်မှာ ၅ နှစ်ကြာအောင် ကစားခဲ့ပြီးတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ပေးဆပ်လိုစိတ်ကြီးမားခဲ့တဲ့ ဟာရဲရားထွက်ခွာသွားချိန်မှာ မန်ယူပရိသတ်တွေကတော့ နှမြောတသဖြစ်ခဲ့ပြီး ဟာရဲရားအပေါ်ကိုလည်း ချစ်မြဲတိုင်းချစ်ခဲ့ကြတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့မန်ယူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်အပြီးမှာတော့ ဟာရဲရားဟာ ပီအက်စ်ဂျီ အတွက် ဒုတိယပိုင်းမှာလူစားဝင်လာခဲ့ပါတယ်။ ဒီပွဲစဉ်မှာမန်ယူကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ဟာရဲရားနဲ့ဘောလုံးယှဉ်လုစဉ်မှာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲအပြီးမှာ ဟာရဲရားက သူ့ရဲ့တွစ်တာအကောင့်ကနေတစ်ဆင့်” မန်ချက်စတာကို ပြန်လာရတာတကယ်ကိုကောင်းပါတယ်၊ ဒီကွင်းကြီးထဲမှာ ကြီးကျယ်ခမ်းနားတဲ့ အမှတ်တရတွေအများကြီးရှိခဲ့တာလေ၊ ဒီအခိုက်အတန့်ကို ကျွန်တော်နဲ့ ၅ နှစ်ကြာအတူရှိနေခဲ့တဲ့ ပရိသတ်တွေနဲ့ပါ အတူရှိနေနိုင်ဖို့ဆန္ဒပြုပါတယ်”ဆိုပြီးတော့ တင်ထားခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ ဖရက်ဒ်အထုတ်ခံခဲ့ရတာဟာ ဟာရဲရားကြောင့်ဖြစ်တယ်လို့ မန်ယူပရိသတ်တွေက ယုံကြည်နေပြီး ဟာရဲရားကို မြွေလိုအရေခွံလဲတတ်တဲ့ လူစားမျိုးရယ်လို့ မှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက "မန်ယူကနေ ပီအက်စ်ဂျီကိုပြောင်းသွားတဲ့ သူတွေက မြွေလိုကောင်စားတွေဖြစ်သွားကြတယ်၊ မင်းရော အဲ့ဒီလိုအမူအရာတွေကို နေမာဆီကနေ သင်ယူခဲ့တာလား၊ မင်းဟာခုချိန်ကနေ စပြီးတော့  ဘယ်တော့မှမန်ယူကစားသမားဟောင်းတစ်ယောက်အဖြစ်ရှိနေတော့မှာ မဟုတ်ဘူးကွ"ဆိုပြီး တော့ပြောဆိုခဲ့တာပါ။ မန်ယူကနေပီအက်စ်ဂျီကိုပြောင်းရွှေ့သွားခဲ့တဲ့ ကစားသမားတွေထဲမှာ ဒီမာရီယာဟာ ယူနိုက်တက်ပရိသတ်တွေ အသည်းနာအောင်မုန်းတဲ့သူပဲဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ