နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မယုံကြည်နိုင်လောက်အောင် ရှုံးခဲ့တဲ့အရှုံးကြောင့် အသင်းကိုအပြစ်တင်လိုက်တဲ့ ကိုးမန်း

ဒီဇင်ဘာ ၆


စနေနေ့ညက လာလီဂါပွဲစဉ်မှာဘာစီလိုနာတို့ အဝေးကွင်းအဖြစ် ကာဒစ်အသင်းနဲ့ယှဉ်ပြိုင်ကစားရာ ၂-၁ ရလဒ်နဲ့ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ရမှုအတွက် နည်းပြကိုးမန်းက ပွဲအပြီးမှာ အသင်းကစားသမားတွေကို ဝေဖန်လိုက်ပါတယ်။ ဒီပွဲမှာ မက်ဆီရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုပေါင်းက (၁၀)ကြိမ်အထိရှိခဲ့ပြီး ၅ ကြိမ်ဂိုးပေါက်တည့်ခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ ဖြတ်တင်ဘောပေါင်း ၅ ကြိမ်နဲ့ လိမ်ခေါက်ကျော်ဖြတ်မှုမှာလဲ (၁၃)ကြိမ်မှာ (၉)ကြိမ်အောင်မြင်ပြီး ပွဲအတွင်းအကောင်းဆုံးခြေစွမ်းတွေပြနိုင်ခဲ့ပေမယ့် အသင်းရှုံးနိမ့်သွားခဲ့လို့ အချည်းအနှီးဖြစ်ခဲ့ရပါတယ်။ ဘာကာတို့ဟာ ဒီပွဲမှာ ပွဲချိန် ၈ မိနစ်မှာပင် ကားဒစ်တို့ရဲ့ထောင့်ကန်ဘောကန် တင်ချက်ကို နောက်ခံလူအော်စတာမင်ဂွေဇာရဲ့ ကိုယ့်ဂိုးကိုယ်ခေါင်းတိုက် ထည့်မိတဲ့ဘောလုံးကို တာစတာဂျန်က ပုတ်ထုတ်လိုက်ရာ ပြိုင်ဘက်တိုက်စစ်မှူးအယ်လ်ဗာရို ဂျင်မီနက်ဇ်က ဝင်ပိတ်သွားတာကြောင့် အဖွင့်ဂိုးကိုခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာလဲ မိမိနောက်တန်းက ရတဲ့လက်ပစ်ဘောကို ဂျော်ဒီအယ်လ်ဘာက နောက်ခံလူလမ်ဂလက်ဆီပစ်ပေးတာကို ပြင်သစ်သားက မဖမ်းလိုက်နိုင်တာကတစ်ဆင့် ပြိုင်ဘက်တိုက်စစ်မှူးနီဂရီဒိုက ဂိုးသမားကိုပါလိမ်ပြီး အသာအရာသွင်းယူ သွားခြင်းခံခဲ့ရလို့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ နည်းပြကိုးမန်းက “ဒီအရှုံးက ရှင်းပြဖို့တောင် တော်တော် လေးခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီကိုပွဲကောင်းတွေကစားထားခဲ့ပြီးမှ ရောက်လာခဲ့တာဖြစ်ပါတယ်။  ဒါပေမဲ့ပထမတစ်ပိုင်းလုံးက လုံးဝကစားပုံမကောင်းပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ပိုကောင်းခဲ့ပေမဲ့ ကျွန်တော်တို့ရှုံးနိမ့်သွားခဲ့ရတာကို မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ မမျှော်လင့်ထားတဲ့အမှားတွေ ကြောင့်ပါပဲ ကစားသမားတွေရဲ့အနေအထားက ဒီနေ့ညမှာမကောင်းခဲ့ပါဘူး။ ဒါက နောက်တန်းကစားသမား တွေချည်းပဲ မဟုတ်ပါဘူး။”လို့ ငြီးတွားသွားခဲ့ပါတယ်။ မက်ဆီရဲ့ကြိုးစားရုန်းကန်မှုတွေနဲ့အတူ အသင်းလိုက် ဘောလုံးပိုင်ဆိုင်မှု ၈၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ကန်သွင်းချက်ပေါင်း (၂၁)ကြိမ်အထိရှိခဲ့ပေမဲ့လဲ ဘာကာတို့ အနိုင် ၃ မှတ်နဲ့ဝေးခဲ့ရပြီး အမှတ်ပေးဇယားရဲ့အဆင့် ၇ နေရာကိုရောက်ရှိခဲ့ရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ