နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်နည်းပြဟောင်း အယ်လ်လီဂရီကိုခေါ်ယူရန် မန်ယူနှင့် အာဆင်နယ်အသင်းတို့ ချိတ်ဆက်နေ

ဒီဇင်ဘာ   ၆


ဂျူဗင်တပ်အသင်းနည်းပြဟောင်း အယ်လ်လီဂရီကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြ သည့် မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့က ချိတ်ဆက်နေကြောင်း သိရသည်။

လက်ရှိ ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းရရှိရန် ရုန်းကန်နေရသည့် မန်ယူအသင်းနှင့် အာဆင်နယ် အသင်းတို့သည် နည်းပြအပြောင်းအလဲပြုလုပ်ရန်ပြင်ဆင်နေပြီး အေစီမီလန်၊ ဂျူဗင်တပ်အသင်းတို့နှင့်အတူ စီးရီးအေဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့သည့် နည်းပြအယ်လ်လီဂရီကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နည်းပြ အယ်လ်လီဂရီသည် ဂျူဗင်တပ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြလောကမှ ခေတ္တအနားယူ ထားပြီး ပြီးခဲ့သည့်နွေရာသီကတည်းက နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သော်လည်း ယင်းနှစ်သက်သည့် ကမ်းလှမ်းမှုမျိုးမရသေးသည့်အတွက် နည်းပြလောကသို့ ပြန်လည်ဝင်ရောက် မည့်အစီအစဉ်ကို ပြန်လည်ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆုဖလား ငါးနှစ်ဆက်တိုက်ရယူခဲ့သည့် နည်းပြ အယ်လ်လီ ဂရီသည် အင်္ဂလန်ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေသည့်အတွက် အခြားဥရောပအသင်းအချို့၏ ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ