နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြို့ပင်ကောက်မြို့တွင် ကြံသကာဈေးကောင်းရ၍ ကြံစိုက်တောင်သူများအဆင်ပြေလျက်ရှိ

ကြို့ပင်ကောက်၊  ဒီဇင်ဘာ  ၄


ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ မယင်းချောင်းခွအုပ်စု၊ ရန်ကြီးအောင်ကျေးရွာမှ ကြံစိုက်တောင်သူ များသည် ယခုနှစ် ကြံသကာဈေးကောင်းရ၍ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ကြံစိုက်တောင်သူတစ်ဦး ထံမှ သိရသည်။

ကြံသီးနှံသည် တစ်နှစ်လျှင်တစ်ကြိမ်သာပေါ်သောသီးနှံဖြစ်သော်လည်း စပါး၊ပဲစိုက်ပျိုးရေးလုပ်ငန်းများ ထက် အမြတ်ငွေပိုမိုရရှိကြောင်း၊ ကြံတစ်ဧကလျှင် အရင်း ၁၁ သိန်းခန့်ကုန်ကျပြီး ကြံပေါ်ချိန်တွင် တစ်ဧကလျှင် ငွေကျပ် ၂၇ သိန်းခန့်ရရှိကြောင်း၊ ယခုစိုက်ပျိုးသောကြံအမျိုးအစားမှာ ကြံသကာချက်လုပ်ရသော ချက်ကြံဖြစ်ပြီး ကြံစိုက်တောင်သူများကိုယ်တိုင် ကြံသကာချက်ပြီး လက်လီလက်ကားရောင်းချခြင်း၊ ဒိုင်သို့ပေးပို့ရောင်းချခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ ကြံသကာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ခန့်ဖြင့် ဒိုင်များကကောက်ယူပြီး ချက်ဖိုများတွင် လက်လီရောင်းချပါက တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်းရောင်းချရကြောင်း ကြံစိုက်တောင်သူ ဦးမင်းနိုင်က ပြောသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် ကြံစိုက်ဧက ၆၀ ခန့်သာရှိကြောင်း ကြံသီးနှံသည် အရင်းနည်း၍ အကျိုးအမြတ်ပိုမိုရရှိခြင်းကြောင့်  တောင်သူများစိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း စိုက်ပျိုးလိုသောတောင်သူများကိုလည်း မျိုးကောင်းမျိုးသန့်ရရှိရေး စိုက်ပျိုးရေးနည်းပညာရရှိရေးတို့ကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး    ဦးမောင်မောင်ဌေးက ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)






အခြားဆက်စပ်သတင်းများ