နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု

တာချီလိတ် မေ ၃

မေ ၂ ရက်၊ နံနက် ၆ နာရီအချိန် တာချီလိတ်မြို့နယ်၊ ဟိုရမ်း(၁) ကျေးရွာနေ ကမ်ခမ်း(၅၈)နှစ်၏နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း ခုတင်အောက်ရှိ လွယ်အိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၀၀၀ ပြားနှင့် ခြံဝင်းအတွင်း၌ အဆိုပါစိတ်ကြွဆေးပြားများ သယ်/ပို့ရန် ရပ်တန့်ထားသော 9F/----- Toyota Mark II ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကမ်ခမ်း(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိသည်။

အလားတူ မေလ ၂ ရက်၊ နေ့လယ် ၃ နာရီအချိန် ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာအနီး လိမ္မော်ခြံ၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်ပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းလျှောက်လာသူ သန်းနိုင်(ခ)ထွန်းနိုင်(၃၇)နှစ်အား မသင်္ကာ၍ စစ်ဆေးရှာဖွေရာ ၎င်း၏ပလိုင်း အတွင်းမှ WY စိတ်ကြွဆေးပြား ၁၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့သဖြင့် ညနေ ၅ နာရီ ၅ မိနစ်အချိန် သန်းနိုင်(ခ)ထွန်းနိုင်(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ