နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mobile Market ရွေ့လျားဈေးကားများဖြင့် သန့်ရှင်းလတ်ဆတ်သော သားငါးနှင့် ကုန်ပစ္စည်းများအား သင်္ဃန်းကျွန်းမြို့နယ်၌ ရောင်းချ ပေး

ရန်ကုန် ဒီဇင်ဘာ ၁

 ယခုအခါပြည်သူများCOVID -19 ကပ်ရောဂါကာလအတွင်း ဝေးလံသောဈေးများသို့ သွားရောက်ဝယ်ယူရန် မလိုဘဲ COVID - 19 ကပ်ရောဂါ အထိုက်အလျှောက် ထိန်းချုပ်ကာကွယ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်ယာရေး ကော်မတီကစီစဉ်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင်အသင်း လုပ်ငန်းရှင်များပူးပေါင်းကာ မြို့နယ်အရောက် Mobile Market ရွေ့လျားဈေးကားရှစ်စီးဖြင့်  ယနေ့နံနက်၇နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်စံပြ(၅)လမ်း တစ်လျှောက်နှင့် ရန်မျိုးအောင်စေတီရှေ့၌လည်းကောင်း တပင်ရွှေထီးလမ်း ကျန်စစ်သားလမ်းနှင့် အနော်ရထာလမ်း တစ်လျှောက်တို့၌လည်းကောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ အသံချဲ့စက်ဖြင့် နှိုးဆော်ကာ စနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသည်။

ယနေ့ရောင်းချ ပေးသောဈေးကားများတွင်စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သား ဝက်သား အမဲသား ဆိတ်သား အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး ဟင်းသီးဟင်းရွက် စားသုံးဆီနှင့်ကုန်ခြောက်ပစ္စည်းများပါဝင်ကာလူတန်းစားမရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။

 အဆိုပါ Mobile Market ရွေ့လျားဈေးကားများဖြင့် COVID - 19 ကပ်ရောဂါကာလအတွင်း အထိုက်အလျောက် ရောဂါထိန်းချုပ်ကာကွယ်ရန်အတွက် စက်တင်ဘာ၂၆ရက်နေ့မှ စတင်ကာ မြို့နယ်အရောက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ