နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်း ‌Mobile ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိ

ရန်ကုန် နိုဝင်ဘာလ ၃၀ 


ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းလုပ်ငန်းရှင်များမှ ပူးပေါင်းစီစဉ်ဆောင်ရွက်သော မြို့နယ်လှည့် ဈေးကား ရောင်းချခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်ရောင်းချလျက်ရှိပြီး တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်းကိုလည်း နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ဒီဇင်ဘာလအတွင်း၌လည်း ၁-၁၂-၂၀၂၀ ရက်နေ့တွင် ခရမ်းမြို့၌ လည်းကောင်း၊ ၂-၁၂-၂၀၂၀ ရက်နေ့တွင် သန်လျင်မြို့၌လည်းကောင်း၊ ၃-၁၂-၂၀၂၀ ရက်နေ့တွင် မှော်ဘီမြို့၌လည်းကောင်း၊ ၄-၁၂-၂၀၂၀ ရက်နေ့တွင် ထန်းတပင်မြို့၌ လည်းကောင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၅-၁၂-၂၀၂၀ ရက်နေ့မှ    ၇-၁၂-၂၀၂၀ ရက်နေ့အထိ ခေတ္တရပ်နားထားမည်ဖြစ်ပြီး ၈-၁၂-၂၀၂၀ ရက်နေ့တွင် သုံးခွမြို့၌လည်းကောင်း၊ ၉-၁၂-၂၀၂၀ရက်နေ့တွင် ကွမ်းခြံကုန်းမြို့၌ လည်းကောင်း ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်များရှိ စားသုံးသူပြည်သူများအနေဖြင့် မြို့နယ်လှည့် ဈေးကားရောင်းချခြင်းကို အထူးကြိုက်နှစ်သက်သည့်အပြင် စဉ်ဆက်မပြတ် ရောင်းချပေးသွားရန် တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။


သွင်မောင်မောင်








အခြားဆက်စပ်သတင်းများ