နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ယူနဲ့ပွဲမှာ အမှားခံလို့မရတော့ နိုင်မှရမယ်လို့ အသင်းကိုသတိပေးခဲ့တဲ့ နေမာ

နိုဝင်ဘာ ၃၀


PSG အသင်းဟာ ပြင်သစ်လီဂူးမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် နောက်ပိုင်းကစားခဲ့တဲ့ မိုနာကိုနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့သလို ဘော်ဒိုးနဲ့ပွဲမှာလည်း သရေကျခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပွဲမှာလည်း မန်ယူနဲ့လိုက်ပ်ဇစ်ပွဲတွေကိုပါ ရှုံးနိမ့်ခဲ့ပြီး ဘာရှက်ဆီဟီကိုသာ ၂ ကျော့စလုံး အနိုင်ရထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ PSG တို့ ၆ မှတ်သာရထားပြီး မန်ယူနဲ့ ၃ မှတ်ကွာဟနေသလို လိုက်ပ်ဇစ်နဲ့လည်း အမှတ်တူနေပါတယ်။ ဒါကြောင့် PSG တို့လာမယ့်ကြားရက် ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့်မန်ယူနဲ့ပွဲမှာ အမှားခံ လို့မဖြစ်တော့ပဲ သေချာပေါက်အနိုင်ယူရတော့မှာဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး နေမာက “လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ အရမ်းကိုအရေးကြီးပါတယ်။ နိုင်ပွဲရဖို့လိုပါတယ်။ လိုက်ပ်ဇစ်နဲ့ပွဲမှာ ကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုပေမယ့်  အနိုင်ရအောင်တော့ကြိုးစားခဲ့ပါ တယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကျွန်တော်တို့အားလုံးပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားပြနိုင်ဖို့အတွက် ကြိုးစားအားထုတ်ရပါတော့မယ်။ ကောင်းကောင်းကစားနိုင်ဖို့လိုအပ်သလို အခြားနေရာတွေမှာ ပိုမို တိုးတက်လာဖို့လည်းလိုပါတယ်။ အသင်းလိုက် ကစားပုံပိုကောင်းဖို့လိုပါတယ်။ ပိုပြီးတော့လည်း စုစုစည်းစည်း ကစားဖို့လိုပါတယ်။ ဒါပေမယ့် ဒီပွဲကကျွန်တော်တို့အတွက် ခက်နေဦးမှာပဲ”လို့ ပြောဆိုခဲ့ပါတယ်။ နေမာဟာ ဘော်ဒိုးအသင်းကို တစ်ဖက် ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ရလဒ်တွေကို အတော် စိတ်ပျက်နေပြီး PSG နည်းပြသောမတ်တူချယ်ကိုယ်တိုင်ပါ အသင်းကို အမြဲတမ်းကာကွယ်ပြောဆိုခဲ့သူဖြစ် ပေမယ့် ဒီတစ်ခါမှာတော့ ပြစ်တင်ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ